အလင်းရောင် ကမသဲမကွဲ
ငါထိုင်နေတာ သေသပ်ခြင်းမရှိတဲ့
ဖျာတစ်ချပ်ပေါ်..
ကြားလိုက်တယ်..
ဂီတသံတော့မဟုတ်ဘူး
ခပ်ဆင်ဆင်ပဲ...
ခြင်တစ်ကောင်ရဲ့
တောင်ပံခတ်သံ
တိုးဝင်လာတဲ့
လေပြေတစ်ချက်
လှုပ်ခတ်သွားတယ်..
ပိုးမျှင်ရှုပ်ရှုပ်တွေ
ငါ့မျက်နှာပေါ်
ကျီစယ်နောက်ပြောင်နေကြတာ..။
ဖိကိုက်ထားမိလား..
ငါ့နူတ်ခမ်းတစ်စုံ....
တစ်ယောက်ထဲ..
ဘယ်ချိန်ထိလဲ
ဟင့်အင်း...
ငါမသိဘူး...
လက်ကနဲ
ဖြစ်သွားတဲ့
မျက်ရည်တစ်စက်
တုန်ယင်နေတဲ့
လက်တွေပေါ်....
ဘယ်အချိန်
ခြောက်သွေ့မယ်......
ဆို..................တာ
အတောင်ပံတွေ.....
-
ကိုမျိုးကျော့ရဲ့ သီချင်းကောင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုလည်း
မေ့ထားလို့မရဘူး....။ ကျနော်အရမ်းကြိုက်ခဲ့ feel ခဲ့ဖူးတဲ့ သီချင်းထဲမှာပါတဲ့
"အတောင်ပံတွေ"......
3 days ago
0 ယောက်မှတ်ချက်ပြု:
Post a Comment