ဆောင်းရင်ခွင်
ခြောက်ခြားစွာလန့်နိုးတတ်တဲ့
တစ္ဆေလို မြူညတွေ
မခေါ်ပဲရောက်လာတတ်တဲ့
အေးစက်စက် အိမ်မက်ဆိုးတွေ
မပြောပဲ ထွက်သွားလေ့ရှိတဲ့
လှောင်ရယ်သံလေးတွေ
တစ်ယောက်ထဲပဲကျန်နေခဲ့ရတဲ့
အထီးကျန်
ဆောင်းညတွေလို
ချစ်သူရယ်...
မင်းဝင်လိုဝင်
ထွက်ချင်ထွက်ရအောင်
ငါ့ရင်ခွင်ဟာ
အသက်မဲ့တဲ့
` ဆောင်းရင်ခွင် ´ မှ
မဟုတ်တာပဲဟာ...
ခြောက်ခြားစွာလန့်နိုးတတ်တဲ့
တစ္ဆေလို မြူညတွေ
မခေါ်ပဲရောက်လာတတ်တဲ့
အေးစက်စက် အိမ်မက်ဆိုးတွေ
မပြောပဲ ထွက်သွားလေ့ရှိတဲ့
လှောင်ရယ်သံလေးတွေ
တစ်ယောက်ထဲပဲကျန်နေခဲ့ရတဲ့
အထီးကျန်
ဆောင်းညတွေလို
ချစ်သူရယ်...
မင်းဝင်လိုဝင်
ထွက်ချင်ထွက်ရအောင်
ငါ့ရင်ခွင်ဟာ
အသက်မဲ့တဲ့
` ဆောင်းရင်ခွင် ´ မှ
မဟုတ်တာပဲဟာ...
0 ယောက်မှတ်ချက်ပြု:
Post a Comment