မွေးနေ့ကဗျာ
လဒီဇင်ဘာမှာ
မွေးခဲ့တဲ့ သူလေး....
နှင်းကလေးတပွင့် မဟုတ်ပေမယ့်
နှင်းကလေးလို နူးညံ့တဲ့ သူမ
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်
ရည်မွန်တဲ့စိတ်ကို ရှေ့တန်းတင်လို့
ကိုယ်ပိုင်...ဟန်
ကိုယ်ပိုင်...မာန်
ကိုယ်ပိုင်...သဏ္ဍာန်တွေနဲ့
အတိတ်ကို ကျောခိုင်း
ပစ္စုပ္ပန်ကို ချနင်း
အနာဂတ်ကို ရှေးရှုပြီး
နှစ်တနှစ်ရဲ့ နောက်ဆုံးလမှာမွေးတဲ့သူမို့
ကံကောင်းခြင်းလက်ဆောင်တွေကို
နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို
မရောက်၊ရောက်အောင်သွားမယ့်
“သူ”..........
“ဒေါင်းဒေါင်” ဆိုတဲ့ မိန်းခလေး......။
(ခင်မင်မှုများစွာဖြင့်)
မွေးနေ့အမှတ်တရ....
အဖြူရောင်နတ်သမီး
လဒီဇင်ဘာမှာ
မွေးခဲ့တဲ့ သူလေး....
နှင်းကလေးတပွင့် မဟုတ်ပေမယ့်
နှင်းကလေးလို နူးညံ့တဲ့ သူမ
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်
ရည်မွန်တဲ့စိတ်ကို ရှေ့တန်းတင်လို့
ကိုယ်ပိုင်...ဟန်
ကိုယ်ပိုင်...မာန်
ကိုယ်ပိုင်...သဏ္ဍာန်တွေနဲ့
အတိတ်ကို ကျောခိုင်း
ပစ္စုပ္ပန်ကို ချနင်း
အနာဂတ်ကို ရှေးရှုပြီး
နှစ်တနှစ်ရဲ့ နောက်ဆုံးလမှာမွေးတဲ့သူမို့
ကံကောင်းခြင်းလက်ဆောင်တွေကို
နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို
မရောက်၊ရောက်အောင်သွားမယ့်
“သူ”..........
“ဒေါင်းဒေါင်” ဆိုတဲ့ မိန်းခလေး......။
(ခင်မင်မှုများစွာဖြင့်)
မွေးနေ့အမှတ်တရ....
အဖြူရောင်နတ်သမီး
0 ယောက်မှတ်ချက်ပြု:
Post a Comment