
ပြော....ပါတယ်
ပြောတဲ့သူတွေက
ပြောနေကျတာပဲ
အချိန်ကကုစားမှာပါ
ကုစားသွားမှာပါနဲ့
ငါ့အတွက်တော့...အချိန်ဆိုတာ
ဥပေက္ခာပြုခံထားတဲ့ ရင်ခုန်သံတစ်ခုကို
ကုစားနိုင်ဖို့ ယုံကြည်စရာကောင်းတဲ့ သမားတော်တစ်ယောက်မဖြစ်နိုင်ဘူး
တကယ်တမ်း
တစ်ဖတ်သတ်အချစ်ဆိုတာ
ငါမြတ်နိုးတဲ့ စကိတ်လေးလိုပဲ
မြင်လိုက်ရုံနဲ့ ရင်ခုန်စရာကောင်းတယ်
စီးလိုက်တဲ့အချိန်တိုင်းလဲ ဘ၀အမောတွေကို ပြေပျောက်စေတယ်
မင်းနဲ့တွေ့လိုက်တဲ့အချိန်တိုင်းလဲ...ဒီလိုပဲ
ရင်ခုန်တယ်...ဒါပေမယ့်
မင်းမကြိုက်တဲ့
အကြည့်တွေ
အပြောတွေ
အမှတ်တမဲ့တောင်
မပြောမိစေဖို့
ခံစားမှုဆိုတာကို တစ်ခဏတာ လုံးချေ
ခပ်ဝေးဝေးကိုပဲ လွင့်ပစ်ခဲ့တယ်
အခုတော့လဲ
မင်းအသံကြားတိုင်း
မင်းနဲ့တွေ့တိုင်း
ရယ်ကာမောကာ
ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ မွေးနိုင်ခဲ့ပါပြီ။
(နှိုင်း)
ပြောတဲ့သူတွေက
ပြောနေကျတာပဲ
အချိန်ကကုစားမှာပါ
ကုစားသွားမှာပါနဲ့
ငါ့အတွက်တော့...အချိန်ဆိုတာ
ဥပေက္ခာပြုခံထားတဲ့ ရင်ခုန်သံတစ်ခုကို
ကုစားနိုင်ဖို့ ယုံကြည်စရာကောင်းတဲ့ သမားတော်တစ်ယောက်မဖြစ်နိုင်ဘူး
တကယ်တမ်း
တစ်ဖတ်သတ်အချစ်ဆိုတာ
ငါမြတ်နိုးတဲ့ စကိတ်လေးလိုပဲ
မြင်လိုက်ရုံနဲ့ ရင်ခုန်စရာကောင်းတယ်
စီးလိုက်တဲ့အချိန်တိုင်းလဲ ဘ၀အမောတွေကို ပြေပျောက်စေတယ်
မင်းနဲ့တွေ့လိုက်တဲ့အချိန်တိုင်းလဲ...ဒီလိုပဲ
ရင်ခုန်တယ်...ဒါပေမယ့်
မင်းမကြိုက်တဲ့
အကြည့်တွေ
အပြောတွေ
အမှတ်တမဲ့တောင်
မပြောမိစေဖို့
ခံစားမှုဆိုတာကို တစ်ခဏတာ လုံးချေ
ခပ်ဝေးဝေးကိုပဲ လွင့်ပစ်ခဲ့တယ်
အခုတော့လဲ
မင်းအသံကြားတိုင်း
မင်းနဲ့တွေ့တိုင်း
ရယ်ကာမောကာ
ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ မွေးနိုင်ခဲ့ပါပြီ။
(နှိုင်း)
2 ယောက်မှတ်ချက်ပြု:
ဒီလိုပါပဲ .. အချိန်ဆိုတာ အကောင်းဆုံးသမားတော် မဟုတ်ပေမယ့် ...အချိန်တခုကို ကျော်လွန်ပြီးရင်တော့ အားလုံးဟာ သူ့ဖာသာနေသားကျသွားမှာပါ...
ခင်မင်စွာဖြင့်
ကတ်စပါကတော့ပြောတယ် .... ခုမှရောက်ဖြစ်တယ်...
အလွမ်းတွေတောင် တော်တော်စုမိနေပြီနော် .....
Post a Comment