
နှလုံးသားဒဏ်ရာ
အခါခါ ထိရှတိုင်း
ဖြူစင်တဲ့ စကားလုံးခါးခါးတွေနဲ့
အာငွေ့ပေး ကုသခဲ့လို့
မွန်းကြပ်မှုတိုင်းအတွက်
စိတ်တံခါးအဖြစ်
အချိန်တိုင်းထွက်ပေါက်ပေးခဲ့သူ
စိတ်ဓာတ်တွေ အကြိမ်ကြိမ်ပြိုလဲ
နွေးထွေးတဲ့ သံယောဇဉ်နဲ့
အားပေးတွဲကူ ဖေးမခဲ့သူ
ဒဏ်ရာသမိုင်းဟောင်း တစ်ကိုယ်တည်းထမ်းပိုး
ခံနိုင်ရည်မရှိတဲ့ အခါ ဖွင့်ဟလို့
မျက်ရည်တွေကို
အဝေးကလက်နဲ့
နူးညံ့စွာ သုတ်ဖယ်ပေးခဲ့သူ
ရင်ခွင်ခန်းထဲ
ပိန်းပိတ်အောင် မှောင်
မီးမထွန်းလည်းပဲ
ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့သူ
သူ..........
သူ.............
သူ.................။
(ရင်ဖွင့်ဖော် ...ဟန်နီလေး အတွက်ပါ......။)
နှိုင်းစိတ်ညစ်စရာ..စိတ်ရှုပ်စရာ အခက်ခဲတွေကြုံလာတိုင်းအဝေးကနေအားပေးနှစ်သိမ့်တတ်တဲ့ချစ်စရာကောင်းတဲ့ ကလေးလေး တစ်ယောက်ပေါ့။
အခု ရင်ဖွင့်ဖော်ဆိုတဲ့ ခေါင်းစဉ်ကိုလဲ သူပဲပေးခဲ့တာပါ..ပြောပါသေးတယ်..
လှလှလေးစပ်ပေးနော်တဲ့.......သူကနှိုင်းထက် 15ရက်လောက်ပဲငယ်တာပါ..။
ဒါပေမယ့်...လူကြီးဆန်တယ်... အသက်ရွယ်နဲ့မလိုက်အောင်ကို ပရဟိတ ကိုစိတ်ဝင်စားတဲ့ လူတစ်ယောက်ပါ..
သြော်..သူ့ကိုမိတ်ဆက်ပေးစရာလိုမယ်မထင်တော့ပါဘူး....ဘာလို့လဲဆိုတော့ သူက သူငယ်ချင်းတို့ကို ၀က်သား ငပိချက်နဲ့ သရေကျအောင်လုပ်နေတဲ့ အန်တီမိုးငွေ့ရဲ့ ချစ်လှစွာသော မွေးစားသမီးလေးမလို့ပါပဲ.....။ သူ့သမီးလေးအကြောင်းကို သူ့ဘလော့ရဲ့ လူမှုရေးဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ မိတ်ဆက်ပေးပြီးသားမလို့ပါ......။ ကဲ ကလေးလေးဟန်နီရေ နောက်ကျမှတင်လိုက်ရတဲ့အတွက်နဲ့ ကဗျာလေးကိုစိတ်ကျေနပ်မှု မရှိရင်လဲ ခွင့်လွှတ်.......ခွင့်လွှတ် :)
5 ယောက်မှတ်ချက်ပြု:
မမ ဟန်နီလေးအတွက် ကဗျာစပ်ပေးတဲ့တာ ကျေးဇူးနော်...။ ကဗျာလေးသိပ်လှတယ်...။
“ဖြူစင်တဲ့ စကားလုံးခါးခါး”ဆိုတာလေးကို ကြိုက်တယ်..။ မီးမီးကို အပေါက်ဆိုးတယ်လို့ပြောချင်တာမဟုတ်လား...ဟွန်းး..
တခါတခါမှာ ရင်ဖွင့်ဖော်က လိုအပ်တယ် ...
ကိုယ်စိတ်အားငယ်လာတဲ့ အခါတိုင်း ကိုယ့်ကို နှစ်သိပ့်ပြီး အားပေးမယ့်သူ ...
ကိုယ့်ဒေါသတွေကို မျှဝေပေးမယ့်သူ ...
ကိုယ့်သောကတွေကို ၀ိုင်းကူပေးမယ့်သူ ...
ကိုယ့်ပြောလိုက်တိုင်း ကိုယ့်ဘက်က နေပေးမယ့်သူ ...
ကိုယ့်အတွက် မရှိမဖြစ်မယ့်သူ ...
သူ .. သူ .. သူ ပေါ့ ...
သူငယ်ချင်းလည်းဖြစ်ချင်ဖြစ်မယ် ...
မောင်နှမလည်း ဖြစ်ချင်ဖြစ်မယ် ...
ချစ်သူလည်း ဖြစ်ချင်ဖြစ်မယ် ...
မိဘလည်း ဖြစ်ချင်ဖြစ်မယ် ...
ကိုယ့်အတွက်တော့ သူက အရေးပါတဲ့ သူပေါ့နော် ..
ဟုတ်တယ်ဟုတ် ....
ခင်တဲ့
ညရဲ့ကောင်းကင်
ဟုတ်.....:)
အရေးပါဆုံးထဲက အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပေါ့....။
လှလိုက်တဲ့ ကဗျာလေးပါပဲ နှိုင်းရေ..။
အဖော်ဆိုတာ လိုအပ်တာပေါ့။
အဖော် မရှိရင် အထီးကျန်တာပေါ့နော်။
အထီးကျန်နဲ့ အခါ အလိုလို အားငယ်တက်တယ် နှိုင်ရေ..
အဖော်ကောင်းလေးပါပဲ။
ဝိုးးးးးးးး . .. . တော်လိုက်တာ တို့အမ က . . .
:)
Post a Comment