
နှလုံးသားက အမိန့်
ကြိုးနဲ့တုတ်လို့
ရိုက်လိုက်တာထက် ပြင်းတယ်။
အရာရာကို ခံစားချက်နဲ့အတူ
ဒွန်တွဲလို့ သရုပ်မပြနိုင်တာ....
ငါသိပ်ညံ့လွန်းနေသလားးးး...ညို
လူတိုင်း..လူတိုင်း
နှလုံးသားရဲ့ အမိန့်တစ်ခုနဲ့သာ
လိုတရလို့
အရာအားလုံးပြီးပြည့်စုံနိုင်ရင်
ညိုရေ.........
ငါလဲ.....ငါ့နှလုံးသားကို
သံထည်လိုမာကျောတဲ့
သံမဏိနှလုံးသားတစ်ခုအဖြစ်နဲ့
ရှိနေစေချင်လိုက်တာ...
အခုတော့...
မင်းရဲ့နှလုံးသား အမိန့်တစ်ခုထဲနဲ့
ရှင်သန်နေရတဲ့ ငါ့အချစ်တွေက
ဒီဘ၀မှာတော့
အစွန့်ပစ်ခံ.......
အစွန့်ပစ်ခံမျှသာပါပဲ..........ညိုရယ်။
6 ယောက်မှတ်ချက်ပြု:
နူးညံတဲ့ နှလုံးသားတိုင်း ခံစားရ စမြဲပေါ့..နှိုင်းရယ်..
တစ်ခါတစ်လေတော့လည်း မာကြောတဲ့ သံမဏိ နှလုံးသားသာ ဖြစ်ချင်ပါတော့တယ်..။
“လူတိုင်း..လူတိုင်း
နှလုံးသားရဲ့ အမိန့်တစ်ခုနဲ့သာ
လိုတရလို
အရာအားလုံးပြီးပြည့်စုံနိုင်ရင်”...
အဲဒီ “နှလုံးသားရဲ့အမိန့်”ကြောင့်...ပဲ...
နှလုံးသားက အမိန့်
ကြိုးနဲ့တုတ်လို့
ရိုက်လိုက်တာထက် ပြင်းတယ်။
ဟူးးးဟူးးးး မယ်နှိုင်းရေ ဟုတ်လှချည်လားဟ ကောင်းတယ်ဝေး ဆက်လုပ် ဆက်လုပ် အားပေးနေဆဲဝေးးးးးး
.......အမိန့် ....... .
မလွန်ဆန်နိုင်တာမပာုတ် . . .
မနာခံလိုက်ရင် ............
သူနဲ့များဝေးသွားမလားလို့ ....
အတွေးနဲ့တင် . . ရင်မောတယ် .......
မယ်နှိုင်းရေ...မှန်မှန်ပြောစမ်း ညည်းကဗျာထဲက ညိုဆိုတာ ကိုညိုမောင်လား မောင်ဘညိုလား မောင်ခင်ညိုလား...
အမိန့် ... မလွန်ဆန်ဝံ့ဘူး ... အာဏာပြင်းလွန်းတဲ့ အမိန့် ...
ဟုတ်တယ် အမိန့်
တစိမ့်စိမ့်နဲ့ ... ပြင်းတယ်
တငွေ့ငွေ့နဲ့ ... လောင်တယ်
မသိမသာနဲ့ ... အထိနာတယ်
Post a Comment