ငှက်ကလေး....
ချစ်လွန်းလို့လှောင်အိမ်ထဲကို ထည့်ထားမိတယ်....။
ငှက်ကလေးကို ကာကွယ်ချင်တဲ့စိတ်နဲ့ပါ
ဒါပေမယ့် ငှက်ကလေးကမနေနိုင်ပါဘူး...
ထွက်ပေါက်ကိုလိုက်ရှာနေတယ်လို့ထင်မိတယ်...။
ငှက်ကလေးကို သနားလဲသနားတယ်..
လွတ်လပ်ခွင့်လဲပေးချင်တယ်....
ကိုယ့်အနားမှာလဲရှိနေစေချင်တယ်....။
ငှက်ကလေးထွက်ခွာသွားနိုင်ဖို့ ဖွင့်ပေးတော့လဲ
သူထွက်မသွားဘူး....
ဒါပေမယ့်.......................သူ့မှာ
အဝေးကို ပျံသန်းနိုင်တဲ့ အတောင်ပံတွေရှိနေပါတယ်....။
ငှက်ကလေးကို ကာကွယ်ချင်တဲ့စိတ်နဲ့ပါ
ဒါပေမယ့် ငှက်ကလေးကမနေနိုင်ပါဘူး...
ထွက်ပေါက်ကိုလိုက်ရှာနေတယ်လို့ထင်မိတယ်...။
ငှက်ကလေးကို သနားလဲသနားတယ်..
လွတ်လပ်ခွင့်လဲပေးချင်တယ်....
ကိုယ့်အနားမှာလဲရှိနေစေချင်တယ်....။
ငှက်ကလေးထွက်ခွာသွားနိုင်ဖို့ ဖွင့်ပေးတော့လဲ
သူထွက်မသွားဘူး....
ဒါပေမယ့်.......................သူ့မှာ
အဝေးကို ပျံသန်းနိုင်တဲ့ အတောင်ပံတွေရှိနေပါတယ်....။
ဒီကဗျာလေးက ဟိုတစ်လော နှိုင်းတို့နှစ်ယောက် စိတ်ဆိုးနေကြတုန်းက သူရေးပေးတဲ့ကဗျာလေးပါ။ သူရေးထားတာက ကဗျာလား၊ စာလားဆိုတာ သူကိုယ်တိုင် မသိလို့ တင်ကြည့်ပေးလားဆိုလို့ ထူးထူးခြားခြားတောင်းဆိုလာတာနဲ့တင် စာမျက်နှာပေါ်ရောက်လာတယ်ပဲဆိုပါတော့.......။ အားလုံး ဝေဖန်မယ့် စကားလုံးလေးတွေကို သူသိချင်နေတယ်ထင်လို့ နှိုင်း ကိုယ်တိုင်လဲ ဒီကဗျာလေးကို ချစ်လို့တင်လိုက်တာ...။ အလိုလိုမှ နှိုင်းက ကဗျာဆိုရင် ရူးရူးမူးမူးချစ်တတ်တဲ့လူဆိုတော့ သူ ဒီကဗျာလေးကိုရေပေးလိုက်တဲ့အချိန် ပိုချစ်သွားရတယ် :)......
5 ယောက်မှတ်ချက်ပြု:
ငှက်ကလေးရဲ့ ရင်ထဲမှာလည်း သံယောဇဉ်တွေ ပြည့်နှက်လို့ပေါ့....... ကဗျာလေးဖတ်ပြိး တစ်မျိုးတော့ခံစားသွားရတယ်ဗျာ....
ခင်မင်တဲ့
နေ၀သန်
ငှက်ကလေးထွက်ခွာသွားနိုင်ဖို့ ဖွင့်ပေးတော့လဲ
သူထွက်မသွားဘူး....
ဒါပေမယ့်.......................သူ့မှာ
အဝေးကို ပျံသန်းနိုင်တဲ့ အတောင်ပံတွေရှိနေပါတယ်....။
း))))
ရေးသူ သူငယ်ချင်းရေ ခံစားချက်ချင်းတူခဲ့လို့ ရင်နဲ့ အမျှ ခံစားသွားတယ်
စကားလုံးတလုံးတည်းနဲ့လည်း ခံစားတတ်ရင် ကဗျာလို့ သတ်မှတ်နိင်တယ်လို့ ကျွန်တော် ခံယူထားတယ်း)
အရမ်းကောင်းတဲ့ ခံစားချက် ကဗျာလို့ သတ်မှတ်သွားတယ်း)
ဘာပဲ ပြောပြော အားကျမိသား ...
ငှက်ကလေးကို အကြံပေးချင်ပါတယ် ...
ပျံထွက်သွားနိုင်မယ့် အတောင်ပံတွေရှိတာတောင် ထွက်မသွားဘူးဆို သခင့်အပါးမှာသာ ခံစားစေတော့လို့ ...
ငှက်ကလေး ဆန္ဒ အတိုင်းသာရှိစေပေါ့
နှိုင်းချစ်သူက ကဗျာရေးကောင်းသားပဲ...ထင်ပါတယ်သူက နဂိုအနုပညာဥာဉ်လေးရှိပြီးသားကိုး...။ ရိုးရိုးလေးပေမယ့် ကဗျာလေးကချစ်စရာကောင်းတယ်..။ ဆက်ရေးပါလို့ တိုက်တွန်းလိုက်ပါတယ်...။ ငှက်ကလေး အဝေးကိုပျံနိုင်တဲ့ တောင်ပံတွေရှိနေပေမယ့် မပျံပါတဲ့ သခင်နားမှာပဲ သက်ထက်ဆုံးစေစားပါ...။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment