Pages

Monday, September 20, 2010

မာနမဲ့စွာ

ပြက်ရယ်မှုကိုခံရသည့်အခါ

အားငယ်သွားတတ်သော်လည်း

မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။


အနိုင်ကျင့်မှုကိုခံရသည့်အခါ

ဝမ်းနည်းသွားတတ်သော်လည်း

မည်သည့်အခါမှ မနာကြည်းရက်ပါလေ။


တန်ဖိုးမထားမှုကိုခံရသည့်အခါ

မကျေနပ်မှုကို ခံစားရတတ်သော်လည်း

မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။


စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ

ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း

မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။


စတွေ့သည်မှ

ငါသည်သင့်အား

မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။

မောင်စိန်ဝင်း(ပုတီးကုန်း)


ဒီကဗျာလေးကိုတော့ တော်တော်ကြိုက်တာ...မာနဆိုတာ အချစ်နဲ့တွေ့ရင် ကိုယ်ကဒူးထောက်ပြီးတော့တောင်ပေးသင့်ရင်ပေးရတာ (ပေးခဲ့ရတာပေါ့လေ)
ဒီကဗျာကိုရိုးရိုးကြိုက်တာတောင်မဟုတ်တော့ဘူး..ဆောက်ရမ်းကြိုက်တာ :)

4 ယောက်မှတ်ချက်ပြု:

Cameron said...

ကဗျာလေးကိုဖတ်ပြီး နာနာကျင်ကျင် ခံစားသွားမိတယ်....ကောင်း၏...မယ်နှိုင်း????ရမ်းကြိုက်လောက်အောင် ကောင်းပါ၏...

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

ဟဲ့...
အို...
သြော်...
ငါ့နှယ်..
ကဗျာကြိုက်တာပဲ...ဖြည်းဖြည်းကြိုက်ပါ နှိုင်းရယ်...
ခံစားချက်ကလည်း ပျင်းပ...

ဟုတ်ပ...
ကဗျာလေးထဲကလို “အရှုံးပေး ဒူးထောက်ခဲ့ရတာ” ချစ်တတ်တဲ့ သူတွေအတွက်များဖြစ်နေလေရော့သလား...

အဖြူရောင်နတ်သမီး said...

ကဗျာလေးထဲကလို “အရှုံးပေး ဒူးထောက်ခြင်း” ဆိုတာ ချစ်တတ်တဲ့ သူတွေအတွက်များ ဖြစ်နေလေရော့သလားပဲ...


ကဗျာလေး ကောင်း၏။
ကြိုက်၏။
ဖြည်းဖြည်းသက်သာ လေးပဲပြောသွား၏။

blackroze said...

အော်..နှိုင်းရယ်..
ခံစားချက်တွေများတာမကောင်းဘူးနော်
ကြာလာတော့အသဲနှလုံးလည်းအားမရှိတော့သလိုပါဘဲ