Pages

Monday, December 13, 2010

နင်....မရက်စက်ခဲ့ပါဘူးး

ဖျပ်ကနဲ ဖျပ်ကနဲ

လင်းလက်………….

…………………………..

(နတ်သမီး…….)

တိမ်ပေါ်တက်ပြီးကိုယ်ထင်ပြတယ်

(ပြောသေးတယ်…….)

သူ့ ချစ်တတ်ခဲ့ပုံအကြောင်းတွေ

ယုံလွယ်သူ……..

……………………………….

ခေါင်းညိမ့်……….

……………………………….

ရင်ခုန်သံတွေနဲ့ နှစ်သိမ့်ပေးခဲ့ဖူးတယ်

ရိုးလွန်းတော့ အ

အ ရာက နုံ

နုံ လွန်းတော့ ထုံနေခဲ့ပြီဗျ

ဂျပိုးက လိပ်ဖြစ်လိုက်

လိပ်က ဂျပိုးဖြစ်လိုက်နဲ့ 

သူခိုးကိုတော့ ဓားရိုးကမ်းတယ်

(ဟော့ဒီက အသည်း…..)

ဟက်တက်ပဲ………

………………………………………

ဟက်တက်ကြီးကွဲခဲ့ရအောင်လို့ 

မနာဘူးလို့ အော်ဟစ်

သေသေသပ်သပ် ပြုံးပြ

ချောင်ပိတ်အသတ်ခံလိုက်ရတဲ့ရင်ဘတ်

တဆတ်ဆတ်နာတယ်ဆိုတာ

(ငါနင့်ကိုမပြောဘူး………)

နင်……..မရက်စက်ဘူး……………

……………………………………………

ထပ်မေးလဲအပိုပဲ…………

……………………………………………

နင်မရက်စက်ဘူး………..

……………………………………………

ဘယ်သူဘယ်လိုမေးမေး……

……………………………………………..

ငါအလွတ်ကျက်ထားတယ်…….

……………………………………………..

နင်မရက်စက်ဘူး………………

……………………………………………….

နင်မရက်စက်ဘူး…….

……………………………………………..

ငါမပြောရက်ဘူး……….

……………………………………………..

အဲဒီ့တော့ နင်မရက်စက်ဘူးပေါ့…….

………………………………………………..

ဖျပ်ကနဲ ဖျပ်ကနဲ

လင်းလက်………..

………………………………………………..

(နတ်သမီး………)

တိမ်ပေါ်ခုန်တက်

ကျွန်တော့်ကိုသတ်ခဲ့တယ်ဆိုတာ

(တကယ့်အမှန်တရား………)

ဘာမှလှည့်ဖျားပြောနေစရာမလိုဘူး

(ဒါပေမယ့် ခင်ဗျားတို့ လာမမေးနဲ့ )

သူ……

…………………………………………

ကျွန်တော့်အပေါ်…….

………………………………………..

လုံးဝ မရက်စက်ခဲ့ပါဘူး…….

………………………………………….

(တကယ်ပြော………..)

သူ……..

………………………..

ကျွန်တော့်အပေါ်………

……………………………………………

လုံးဝ……

…………………………………..

မရက်စက်ခဲ့ပါဘူးဗျာ……..

……………………………………………….

………………………………………………………..။

(MoeHtetAung)

0 ယောက်မှတ်ချက်ပြု: