စိတ်မကောင်းပါဘူး
နင်မလိုချင်တဲ့
လေးနက်တဲ့ အချစ်တစ်ခုပေးမိခဲ့လို့
စိတ်မကောင်းပါဘူး
နင့်မှာ ငါ့ထက်ချစ်ရမဲ့သူရှိမှန်း
မသိခဲ့လို့
စိတ်မကောင်းပါဘူး
အရာအားလုံးငါမသိအောင်
ဟန်ဆောင်ပေးခဲ့လို့
စိတ်မကောင်းပါဘူး
စောစော လမ်းမခွဲပေးခဲ့လို့
စိတ်မကောင်းပါဘူး
နင်စိတ်ချမ်းသာဖို့
ငါ့နှလုံးသားကို ကစားခဲ့လို့
စိတ်မကောင်းပါဘူး
ငါ့အပေါ်ရက်စက်ရက်သူက
နင်ဖြစ်နေလို့
စိတ်မကောင်းပါဘူး
အရာအားလုံးက ငါ့အပြစ်တွေပါ
စိတ်မကောင်းပါဘူး
ငါနင့်ကို မချစ်မိရင်
ဒါတွေဖြစ်လာမှာမဟုတ်ဘူး။ ။
(snowflake)
လိပ်ပြာဒိုင်ယာရီ.....(ကော်ဖီခွက်ကလေး)
-
မနေ့က ညနေ ကော်ဖီသောက်နေတုန်း သူ့ဆီက ဖုန်းဝင်လာခဲ့တယ်....
အဲချိန်က စပြီး ကျမ အလုပ်တွေရှုပ်သွားခဲ့တယ်......။
မနက်စောစော (၆)နာရီအရောက်လာခဲ့မယ်လို့ သူပြောထ...
3 days ago


2 ယောက်မှတ်ချက်ပြု:
စိတ်မကောင်းဘူးးးးးးးးးးးးးးးးး
နေလည်းမကောင်းဘူးးးးးးးးးးးးးးးးး
စိတ်မကောင်းပါဘူး...ချစ်သူခရီးထွက်သွားလို့
စိတ်မကောင်းပါဘူး...ခုထိ အကြွေးမရသေးလို့...
Post a Comment