Pages

Saturday, December 05, 2009

ချစ်သော..ဆောင်း

ချစ်သော..ဆောင်း

ဘယ်တော့မှရောက်မလာနိုင်တော့တဲ့

တမလွန်ကချစ်သူကို

ရူးမိုက်စွာ စောင့်နေမိတဲ့

အနှိုင်းမဲ့...တစ်ယောက်ကတော့

ဖြူလွှတဲ့ နှင်းတွေကြားမှာ

အေးစက်တုန်ယင်နေတဲ့ ခန္ဓာနဲ့

ပူနွေးစိုစွတ်တဲ့

မျက်ရည်တွေကို

အားကိုးအဖော်ပြုနေလိုက်တာ

ဒီဆောင်းနဲ့ဆို (....) ရှိနေပါပြီ

ချစ်သော..ဆောင်းရယ်


1 ယောက်မှတ်ချက်ပြု:

Patriot said...

နှိုင်းဆိုတာ ညီမလေးလား ...
ညီလေးလား ...
မသိပေမယ့်
အားပေးနေပါတယ်
စိတ်လဲမကောင်းပါဘူးကွယ် ...