လင်းလက်နေတဲ့ ကြယ်စင်တွေကို
တိမ်အိုဟောင်းတို့ ဖုံးသွားချိန်မှာ
အတွေးဟောင်းများနဲ့
စုတ်ပြတ်နေတဲ့ ငါ့အခန်းကျဉ်းထဲ
ဝင်မလာပါနဲ့....။
ဒီမွန်းကြပ်မှုမျိုး
နင်ကြောက်ရွံ့ မှာ
ငါစိုးရိမ်ပါတယ်....။
ကြယ်စင်တွေရယ်...
မင်းပျံသန်းခဲ့မှာလား
မျှော်နေတတ်တဲ့
အလွမ်းအဆိပ်တက် ညတစ်ချို့နဲ့
ဘယ်ဆီမှာလဲ
ည နတ်သမီးရယ်.....။
မမ.....
-
ဆရာမြသန်းတင့်ရဲ့ "မမ" ဆိုတဲ့ စာအုပ်ကို ကျနော် 2024 နှစ်ထဲမှာ
ဖတ်ဖြစ်ခဲ့တာပါ...။ အရင်ချိန်တွေထက် စာဖတ်အားတွေကျသွားတာသိတယ်...။ 2024
တစ်နှစ်လုံးက ဝေလေလေပ...
1 week ago




1 ယောက်မှတ်ချက်ပြု:
ဒုတိယတစ်ကြိမ် ရောက်လာတာပေါ့ဗျာ။ ကဗျာတွေ လာဖတ်ပါဦးမယ်။
ညထဲမှာ ညများကို ရှာတွေ့နိုင်ပါစေ။
Post a Comment