Pages

Showing posts with label မွေးနေ့အမှတ်တရကဗျာများ. Show all posts
Showing posts with label မွေးနေ့အမှတ်တရကဗျာများ. Show all posts

Wednesday, September 19, 2012

ဒိုးကြီးအတွက် အထူးစပယ်ရှယ် မွေးနေ့လက်ဆောင်






လှိုက်လှိုက်လှဲလှဲမွေးနေ့ဆုတောင်းပေးတဲ့အနေနဲ့ ဒေါင်းတောင်ရဲ့ ဘလော့ဂ်မှာ ရှားရှားပါးပါးတင်ပေးတာပါ။
မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေ....ဒိုးကြီးး))


(အနော့်ရဲ့ မတက်တခေါက်လက်ရာလေးကို ကြိုက်လား ?)  : D

Wednesday, March 17, 2010

မွေးနေ့ရှင်လေးအတွက်




မမီးရေ

လောကထဲသို့ရောက်ရှိခဲ့ခြင်း

35
နှစ်ပြည့်အတွက် မင်္ဂလာပါနော်။

အမိဝမ်းတွင်းကထွက်လို့

လောကထဲရောက်ရှိလာခဲ့တဲ့
ကလေးငိုသံဟာ..
လောက ကိုကြိုဆိုခြင်းဖြစ်ပါတယ်။


အပြစ်ကင်းတဲ့ ငိုသံလေးကြောင့်

ကလေးရဲ့ အမိနဲ့အဖ ဘယ်လောက်များ
ဝမ်းသာပီတိခံစားလိုက်ရမလဲ။


မငိုပါနဲ့ ကလေးလေးရယ်

အရွယ်နဲ့မမျှတဲ့ ခံစားမှုတွေအတွက်

အထီးကျန်ခြင်းဆိုတာကို မင်းအဖော်ပြုမနေပါနဲ့


မင်းရပ်တည်ခဲ့တဲ့ မြေကြီးထက်မှာ

ဆူးခင်းတစ်လှည့်...ပန်းခင်းတစ်လှည့်မလို့

မင်းဖ၀ါးနုတွေက မြေသားတွေနဲ့အပြိုင်

စိန်ခေါ်နိုင်ဖို့တောင် ကျင့်သားရနေပြီမလား


ငယ်ငယ်က မင်းအိမ်မက်တွေထဲမှာ

ဆရာဝန်ကြီးဖြစ်ချင်တယ်

လုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ဆိုပြီး

အိမ်မက်များစွာနဲ့ စိတ်ကူးယဉ်ရင်ယဉ်ခဲ့မယ်။


အခုလက်တွေ့မှာတော့
မင်းဆရာဝန်ကြီးဖြစ်မနေပေမယ့်

မင်းရဲ့ နူးညံ့မွန်မြတ်တဲ့ နှလုံးသားက ဆရာဝန်ကြီးထက်သာပါတယ်..။


လုပ်ငန်းရှင်ကြီးဖြစ်မနေပေမယ့်လဲ

မင်းကြောက်ခဲ့တဲ့ ကိန်းဂဏန်းတွေကြားမှာ

မင်းအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီပဲလေ..။


လောကကြီးရဲ့ မျက်လှည့်ဆန်မှုအောက်မှာတော့

မင်းတစ်ယောက်
စာရေးဆရာမကြီးလုပ်ဖို့ စိတ်ကူးယဉ်ခဲ့မိမယ်မထင်ပါဘူး


ဟော....အခုတော့ ကြည့်ပါအုံး

ဘယ်လောက်များဆန်းကြယ်လိုက်သလဲနော်...။



မင်းအသွေးသားထဲကထွက်လာတဲ့


ရသမြှောက် စကားလုံးတွေက စာလုံးကြွသဖွယ်


အနုပညာသွေးတွေနဲ့ ရောယှက်စီးဆင်းလာလိုက်တာ


" မိုးငွေ့နှင့်အတူ.." ဆိုတဲ့ အနုပညာဘလော့တစ်ခုအဖြစ်


ခိုင်မာစွာ မင်းရပ်တည်နိုင်ခဲ့ပြီလေ...။



ဘာလိုသေးလဲ..ကလေးလေးရယ်

ဘာ့အတွက်ကြောင့်များ လူတွေကိုမင်းကြောက်ရွံ့နေမှာလဲ


ဘာလို့များ အားပေးမှုလေးဆိုတဲ့ ခေါင်းစဉ်အောက်

အားငယ်မှုတွေနဲ့ မိတ်ဆွေဖွဲ့နေမလဲ...။


ဒီနေ့ ရပ်တည်ခဲ့ခြင်း 35 မှာ

မင်းဖြတ်သန်းခဲ့တဲ့

အချိန်တွေ

နေ့တွေ

လတွေ

နှစ်တွေ....အတွက်

အမိနဲ့အဖ ကိုလက်ဆယ်ဖြာမိုး ရှိခိုးဦးချလို့

ဆက်လျှောက်ရမယ့် ရတုများစွာ
“အတွက်
မင်းဂုဏ်ယူ ပျော်ရွှင်နေလိုက်ပါတော့...။

(နှိုင်း)

မွေးနေ့မှစလို့ နောင်လာမယ့် နေ့၊ ရက်၊ အချိန်၊ မိနစ်၊ စက္ကန့်တွေတိုင်းမှာ..“ မ” ကျန်းမာပျော်ရွှင်ပါစေလို့..
နှိုင်း ဆန္ဒပြုဆုတောင်းပေးပါတယ်....။

HAPPY BIRTHDAY.........:)

Tuesday, December 08, 2009

နတ်သမီးမဖတ်ဖြစ်တဲ့ အစိမ်းရောင်ကဗျာ

နတ်သမီးမဖတ်ဖြစ်တဲ့ အစိမ်းရောင်ကဗျာ


ကြွေ....ကြွေ....ကြွေလွင့်သွားတယ်.....အိန်ဂျယ်လ်
ကစဉ့်ကလျား ရစ်သမ်တွေနဲ့ ငါဟာ သင်္ကေတမှားသွားတဲ့သူ
ချဉ်ချင်းတပ် ဆွတ်ပျံ့မှုတွေကို ဟိုးခပ်ဝေးဝေးက လှမ်းအော်
ဘယ်သူမှ မသိပဲ လင်းချင်းနေခဲ့မိတယ်
တကယ်တော့ လဲ....
အိန်ဂျယ်လ်ရယ် ....ငါတို့ဟာ ဝေးလွန်းမက ဝေးလွန်းပါတယ်
ဒါပေမယ့်....ငါက မက်မက်မောမော လှမ်းကြည့်နေမိတုန်းပါပဲ

အိန်ဂျယ်လ်ရယ်.....
မင်းရာသီဥတုမှာ သွန်းဖြိုက်ရွာလိုက်တိုင်း
ငါ့ဗဟိုပြုရာမှာ မုန်တိုင်းတွေ သဲထန်နေခဲ့တယ်
ဘယ်သူသိနိုင်မှာတဲ့လဲကွယ်
ပြောရေးဆိုခွင့် မရှိတဲ့ အလွမ်းတွေ
ငါ့အဟောင်း သေတ္တာလေးထဲ ထည့်သိမ်း..
မင်းနဲ့ငါနဲ့ တဖက်တချက်စီ စိမ်းလွန်းနေခဲ့တယ်

အိန်ဂျယ်လ်.....
ခပ်ဖွဖွလေး ရွတ်ဆိုရင်း ငါဟာ ခိုးကြောင်ခိုးဝှက် စက္ကူငှက်လေး
ဒါမှမဟုတ် ကြိုးပြတ် သွားတဲ့ စွန် တစ်ခု ပေါ့....
ဘာပဲဖြစ်ဖြစ်....ဘာပဲဖြစ်ဖြစ်....ပေါ့ အိန်ဂျယ်လ်လေးရယ်
ငါ့ဒိုင်ယာရီမှာတော့....
မင်းဟာ အက်ကြောင်းထပ် နေတဲ့ စကားလုံးလေးပေါ့

ငါ့ကို ကယ်ပါ အိန်ဂျယ်လ်
ငါဟာ ခိုကိုးရာမဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုပ်ကြွင်းတစ်ခုပါ
ဟောဒိရင်ဘတ် နှစ်ခြမ်း သမုဒ္ဒရာမက ခြားနားချင် ခြားနားပါစေကွယ်
ငါ့ကို ကယ်တင်ပါတော့ ကောင်လေးရယ်

တစ်ကြိမ်တစ်ခါတော့ ငါ ချိုမြပါရစေ
တစ်ကြိမ်တစ်ခါတော့ ငါ မြူးတူးပါရစေ
တစ်ကြိမ်တစ်ခါတော့ကွယ် ငါ ကမ်းကပ်ရပ်နားပါရစေ....အိန်ဂျယ်လ်

အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်.....
ငါဟာ မင်း နာမ တော်လေးကို ရွတ်ဆိုရင်း
မိုး......စုန်း....စုန်းချုပ်သွားခဲ့တော့တယ်။
(သူသူ)၏အမှတ်တရ

Monday, December 07, 2009

မိုင်တိုင် ၂၅

မိုင်တိုင်၂၅

“ချစ်သောဆောင်း”ရယ်....

“မာယာ”“မှော်ဝင်သံစဉ်”မှာ

“မဖြစ်တဲ့ဘ၀”နဲ့

“ညဥ့်ဒဏ်ရာ”တွေ

“ပျံ့လွှင့်နေတဲ့ အလွမ်းငွေွ့”များဆီ

“လွင်”မျောနေခဲ့....

“ကာရံမဲ့ “အိပ်မက်”တစ်ရေးနိုး”လို့

“ညတွေထဲမှာညကိုလိုက်ရှာ”

“ဆောင်းရင်ခွင်”ထဲ

“ရင်ကွဲနာ”စွာနဲ့ “ဆုံချင်သေးတယ်”တဲ့...။

“နတ်သမီးဖန်ဆင်းတဲ့ နှလုံးသားတစ်စုံ”နဲ့

“ပြေးထွက်သွားသောမိုင်တိုင်များ”ကိုငေးကြည့်ရင်း

“မချစ်သင့်တဲ့အချစ်”နဲ့

“အစိမ်းရောင် နှင်း” တောထဲမှာ

“ဆောင်းဒိုင်ယာရီ”ထဲ

“ဆောင်းကဗျာ”လေးကိုရေးမှတ်ရင်း

“တမ်းတခြင်း ၂၂”နဲ့အတူ

“စိတ္တဇအိပ်မက်”တွေမက်ခဲ့ရတယ်...

“တစ်ချက်ကလေး”ပါပဲ...။ ။
(မိုးငွေ့)၏အမှတ်တရ

မွေးနေ့ကဗျာ

မွေးနေ့ကဗျာ

လဒီဇင်ဘာမှာ

မွေးခဲ့တဲ့ သူလေး....

နှင်းကလေးတပွင့် မဟုတ်ပေမယ့်

နှင်းကလေးလို နူးညံ့တဲ့ သူမ

မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်

ရည်မွန်တဲ့စိတ်ကို ရှေ့တန်းတင်လို့

ကိုယ်ပိုင်...ဟန်

ကိုယ်ပိုင်...မာန်

ကိုယ်ပိုင်...သဏ္ဍာန်တွေနဲ့

အတိတ်ကို ကျောခိုင်း

ပစ္စုပ္ပန်ကို ချနင်း

အနာဂတ်ကို ရှေးရှုပြီး

နှစ်တနှစ်ရဲ့ နောက်ဆုံးလမှာမွေးတဲ့သူမို့

ကံကောင်းခြင်းလက်ဆောင်တွေကို

နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့

အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကို

မရောက်၊ရောက်အောင်သွားမယ့်

“သူ”..........

“ဒေါင်းဒေါင်” ဆိုတဲ့ မိန်းခလေး......။

(ခင်မင်မှုများစွာဖြင့်)
မွေးနေ့အမှတ်တရ....
အဖြူရောင်နတ်သမီး

“ ဒေါင်းတောင် ” လေး



“ ဒေါင်းတောင် ” လေး


ဒေါင်းတောင်လေး အရွယ်ရောက်
ငွေရတုခရီးပေါက်ပေါ့
ချီးမြှောက်လို့ ငါလေးစား
အရေးထားတယ် သူငယ်ချင်း
သွေးသားရယ် မတော်သော်လည်း
အဖော်သော် အစွဲပြုလို့
ရင်ချင်းအပ် ကျောချင်းကပ်
သဘောချင်းက ထပ်တူ
တစ်သက်အတူ မခွဲတဲ့
ဇာတ်တူ
Girl တွေပေါ့

အမြတ်မယူဘဲ ဖြေသိမ့်ကြ
အနေမစိမ်းလှ တို့ဘ၀တွေ
သောကတွေ တူဝေမျှလို့
ပူလေသမျှ ဒုက္ခနွံကို
သရုပ်ပြကာ အသက်သွင်း
ဖန်ဆင်းတဲ့ မြစ်တစ်စင်း
.....
ကဗျာ .....
ချစ်ခြင်းမှာ မှတ်တိုင်စိုက်
ဘ၀အမောတွေ မပျက်ယိုင်လဲဘဲ
တစ်သက်တိုင်မြဲမယ့်
Life Style ပဲပေါ့

အတောင်စုံ အသိုက်ခွဲကာ
လောကထဲ ခြေစုံပစ်
ရေစုန်လွှင့်တဲ့ ရွက်သမ္ဗာန်လို
မိုးလေမုန်တိုင်း ကဆုန်စိုင်းလည်း
ကြုံတိုင်းမဖြုံ ကျောက်ရုပ်ပုံသို့
ကြံ့ကြံ့ခိုမှီး တစ်ကိုယ်တည်းသာ
ငိုငြီးမရှိ ရဲမာန်အတိနှင့်
ပကတိနှလုံးသား အပြုံးများစေဖို့
အညှာအတာ မနည်းတဲ့
Master ပဲပေါ့

အတိုင်းမသိ ချစ်ကြည်မိလို့
အတိုင်အဖောက်ညီညီ အတွေးသီကာ
အချင်းသိ အဆင်းသိ အတွင်းသိဘ၀နဲ့
အဓိကရ
မနော ရယ်သွမ်းသောလို့
တစ်ကယ်တမ်း သဘောဖြူ အပြောတူတဲ့
အလှမ်းမဝေးတစ်မူ
မန္တလေးသူ ကို
ဖြိုးမောက်ချစ်ခြင်း ပြည့်လျှံခြင်းဖြင့်
တစ်အူတုံဆင်း ညီအမရင်းလို
ညီမျှခြင်းဆွဲ စိတ်ရင်းထဲမှာ
အရိပ်ချင်းလည်းမကွဲ အကြင်နာမြဲတဲ့
Sister ပဲပေါ့

ချစ် နှိုင်း ရယ်

မိဿ + မိနွေး


မိနွေးနှင့်မိဿ တို့၏ “ အမှတ်တရ “