
မမီးရေ
လောကထဲသို့ရောက်ရှိခဲ့ခြင်း
35 နှစ်ပြည့်အတွက် မင်္ဂလာပါနော်။
အမိဝမ်းတွင်းကထွက်လို့
လောကထဲရောက်ရှိလာခဲ့တဲ့ ကလေးငိုသံဟာ..
လောက ကိုကြိုဆိုခြင်းဖြစ်ပါတယ်။
အပြစ်ကင်းတဲ့ ငိုသံလေးကြောင့်
ကလေးရဲ့ အမိနဲ့အဖ ဘယ်လောက်များ
ဝမ်းသာပီတိခံစားလိုက်ရမလဲ။
မငိုပါနဲ့ ကလေးလေးရယ်
အရွယ်နဲ့မမျှတဲ့ ခံစားမှုတွေအတွက်
အထီးကျန်ခြင်းဆိုတာကို မင်းအဖော်ပြုမနေပါနဲ့ ။
မင်းရပ်တည်ခဲ့တဲ့ မြေကြီးထက်မှာ
ဆူးခင်းတစ်လှည့်...ပန်းခင်းတစ်လှည့်မလို့
မင်းဖ၀ါးနုတွေက မြေသားတွေနဲ့အပြိုင်
စိန်ခေါ်နိုင်ဖို့တောင် ကျင့်သားရနေပြီမလား ။
ငယ်ငယ်က မင်းအိမ်မက်တွေထဲမှာ
ဆရာဝန်ကြီးဖြစ်ချင်တယ်
လုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ဆိုပြီး
အိမ်မက်များစွာနဲ့ စိတ်ကူးယဉ်ရင်ယဉ်ခဲ့မယ်။
အခုလက်တွေ့မှာတော့
မင်းဆရာဝန်ကြီးဖြစ်မနေပေမယ့်
မင်းရဲ့ နူးညံ့မွန်မြတ်တဲ့ နှလုံးသားက ဆရာဝန်ကြီးထက်သာပါတယ်..။
လုပ်ငန်းရှင်ကြီးဖြစ်မနေပေမယ့်လဲ
မင်းကြောက်ခဲ့တဲ့ ကိန်းဂဏန်းတွေကြားမှာ
မင်းအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီပဲလေ..။
လောကကြီးရဲ့ မျက်လှည့်ဆန်မှုအောက်မှာတော့
မင်းတစ်ယောက်
စာရေးဆရာမကြီးလုပ်ဖို့ စိတ်ကူးယဉ်ခဲ့မိမယ်မထင်ပါဘူး ။
ဟော....အခုတော့ ကြည့်ပါအုံး
ဘယ်လောက်များဆန်းကြယ်လိုက်သလဲနော်...။
မင်းအသွေးသားထဲကထွက်လာတဲ့
ရသမြှောက် စကားလုံးတွေက စာလုံးကြွသဖွယ်
အနုပညာသွေးတွေနဲ့ ရောယှက်စီးဆင်းလာလိုက်တာ
" မိုးငွေ့နှင့်အတူ.." ဆိုတဲ့ အနုပညာဘလော့တစ်ခုအဖြစ်
ခိုင်မာစွာ မင်းရပ်တည်နိုင်ခဲ့ပြီလေ...။
ဘာလိုသေးလဲ..ကလေးလေးရယ်
ဘာ့အတွက်ကြောင့်များ လူတွေကိုမင်းကြောက်ရွံ့နေမှာလဲ ။
ဘာလို့များ အားပေးမှုလေးဆိုတဲ့ ခေါင်းစဉ်အောက်
အားငယ်မှုတွေနဲ့ မိတ်ဆွေဖွဲ့နေမလဲ...။
ဒီနေ့ ရပ်တည်ခဲ့ခြင်း 35 မှာ
မင်းဖြတ်သန်းခဲ့တဲ့
အချိန်တွေ
နေ့တွေ
လတွေ
နှစ်တွေ....အတွက်
အမိနဲ့အဖ ကိုလက်ဆယ်ဖြာမိုး ရှိခိုးဦးချလို့
ဆက်လျှောက်ရမယ့် ရတုများစွာ “အတွက်”
မင်းဂုဏ်ယူ ပျော်ရွှင်နေလိုက်ပါတော့...။
(နှိုင်း)
မွေးနေ့မှစလို့ နောင်လာမယ့် နေ့၊ ရက်၊ အချိန်၊ မိနစ်၊ စက္ကန့်တွေတိုင်းမှာ..“ မ” ကျန်းမာပျော်ရွှင်ပါစေလို့..
နှိုင်း ဆန္ဒပြုဆုတောင်းပေးပါတယ်....။
နှိုင်း ဆန္ဒပြုဆုတောင်းပေးပါတယ်....။
HAPPY BIRTHDAY.........:)
5 ယောက်မှတ်ချက်ပြု:
မွေးနေ့ရှင် ပျော်ရွှင်ပါစေဗျာ
မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဆုတောင်းပေးလိုက်ပါတယ်
မ ရေ သမီးလာပြန်လည်ပါတယ် နေကောင်းပါတယ်ဟုတ်
မိန်းကလေးတွေမှာ မွေးနေ့ ( ၂ ) ခု ရှိသဗျ..
အဲဒီ ( ၂ ) ခုထဲက တစ်ခု ကို ကြုံရတာပဲ....
ဒီမွေးနေ့မှပျော်ရွှုင်ပါစေ.....
နောက်မွေးနေ့တစ်မျိုးမှာလည်း ပျော်ရွှင်ပါစေလို့ ကြိုတင်ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ ဗျာ
မိန်းကလေးတွေမှာ မွေးနေ့ ( ၂ ) ခု ရှိသဗျ..
အဲဒီ ( ၂ ) ခုထဲက တစ်ခု ကို ကြုံရတာပဲ....
ဒီမွေးနေ့မှပျော်ရွှုင်ပါစေ.....
နောက်မွေးနေ့တစ်မျိုးမှာလည်း ပျော်ရွှင်ပါစေလို့ ကြိုတင်ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ ဗျာ
မွေးနေ့ရှင်က ဘယ်ရောက်နေလဲဗျ .. သွားဆွဲခေါ်ခဲ့ပါဦး ..
Post a Comment