ဖယောင်းတိုင် လေးတိုင် ဖြည်းဖြည်းချင်းတောက်လောင်နေကြတယ်။
သူတို့ဝန်းကျင်မှာတော့ အလွန် တိုးညင်းတဲ့အသံလေးတွေဟာ ကြားနိုင်ရုံလောက်ပဲ ပြန်လွင့်နေတယ်။
ပထမ ဖယောင်းတိုင်ကပြောတယ်။
"ကျုပ်က ငြိမ်းချမ်းခြင်းလေ၊ ဒါပေမယ့် ကျုပ်ဆက်လက်ရှင်သန်အောင် ဘယ်သူမှ မထိန်းနိုင်ပါဘူး၊ ကျုပ် မီးတောက်က ငြိမ်းတော့မယ် ထင်တာပဲ "
(အမှန်ပါပဲ။ အဲဒီမီးတောက်က အလျင်အမြန်ပဲ မှိန်မှိန်လာရာက နောက်ဆုံးလုံးဝ ငြိမ်းသွားပါတော့တယ်။)
ဒုတိယ ဖယောင်းတိုင်က ခုလိုဆိုတယ်။
" ယုံကြည်မှုဆိုတာ ကျုပ်ပေါ့၊ အားလုံးနီးပါးလိုပဲ ကျုပ်လည်းမရှိမဖြစ် ဆက်မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့်ဒီထက်ကြာကြာနေရမယ်လို့လည်း မထင်တော့ပါဘူး"
(သူပြောပြီးတယ်ဆိုရင်ပဲ လေပြေလေးအသာတိုးဝှေ့ တိုက်ခတ်လိုက်တာ သူလည်း ငြိမ်သွားတော့တယ်။)
ဝမ်းနည်းပမ်းနည်းနဲ့ တတိယ ဖယောင်းတိုင်ကလည်း သူ့အလှည့်မှာ ပြောလာပြန်တယ်။
" ကျုပ်က အချစ်လေ၊ သိတယ် မဟုတ်လား၊ ကျုပ်လည်း ဆက်ပြီး လင်းလက်ဖို့အင်အားမရှိတော့ပါဘူး၊ လူတွေက ကျုပ်ကိုမေ့ထားလိုက်ကြတယ်၊ ကျုပ်ရဲ့ အရေးပါပုံကိုလည်း နားမလည်ကြဘူး၊
သူတို့နဲ့ အနီးဆုံးမှာ ရှိနေတဲ့သူတွေကိုတောင်မှ မေတ္တာထားဖို့ မေ့တတ်ကြတာ လူတွေပဲလေ "
နောက်တော့ သူလည်း ဆက်မတောက်နိုင်တော့ပဲ ငြိမ်းသွားတယ်။
ဗြုန်းကနဲဆို ကလေးတစ်ယောက် အခန်းထဲရောက်လာတယ်။ ဖယောင်းတိုင် သုံးတိုင်မီးမတောက်နိုင်တော့တာကို သူတွေ့သွားတယ်။
" ဘာလို့ ခင်ဗျားတို့ ဆက်မလင်းကြတော့တာလဲ၊ ခင်ဗျားတို့ကို ကုန်သွားတဲ့အထိ တောက်မယ်လို့ ထင်ထားတာ"
အဲဒီလိုပြောပြီး ကလေးကဟာ ငိုပါလေရော...။
အဲဒီမှာ စတုတ္ထ ဖယောင်းတိုင်ဆီက အသံထွက်လာတယ်။
" ကောင်လေး၊ မစိုးရိမ်နဲ့၊ ငါရှိတယ်၊ ငါ့ မီးတောက်ရှိနေသရွေ့ ဒီပြင် ဖယောင်းတိုင်တွေကို
ပြန်လင်းအောင်ထွန်းပေးနိုင်တယ်..၊ ငါဟာ မျှော်လင့်ခြင်းပဲ "
ကောင်လေးရဲ့ မျက်လုံးတွေ ဖျတ်ကနဲလင်းလက်သွားတယ်။ ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့ နောက်ဆုံးလက်ကျန် ဖယောင်းတိုင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ဆတ်ကနဲယူပြီး
ဒီ့ပြင်ဖယောင်းတိုင်တွေကို ထွန်းညှိလိုက်တယ်။
သင့်ဘ၀မှာ မျှော်လင့်ခြင်း မီးတောက် ဘယ်တော့မှ ပျောက်မသွားစေနဲ့။ ဒါမှ မျှော်လင့်ခြင်း ၊ ယုံကြည်ခြင်း၊
ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်း မေတ္တာ တရားတွေကို ကျွန်တော်တို့ဆီကနေ ပျောက်မသွားရအောင် ကိုယ်စီကိုယ်ငှ
ထိန်းသိမ်းစောင့်ရှောက်နိုင်မှာလေ...။ (ဘုန်းခေါင်)
မျှော်လင့်ခြင်း (သို့) နောက်ဆုံးဖယောင်းတိုင်.......ဆိုတဲ့ ဆရာဘုန်းခေါင်ရေးသားတဲ့ ဒီစာအုပ်လေးကို ဖတ်မိရတော့ စိတ်ထဲမှာ မျှော်လင့်ချင်လာတယ်.. ဆုံးရှုံးပြီလို့ ကိုယ်တိုင်မှတ်ယူထားတဲ့အရာတွေကို ပြန်မျှော်လင့်ချင်လာတယ်..။ နှိုင်းက စာဖတ်ရတာကို ပျင်းတယ်..ဒီစာအုပ်လေးကိုတော့ ပြီးဆုံးတဲ့အထိဖတ်ဖြစ်တယ်..။အဝေးကြီးမှာရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေး.ဆုံးမမှုကြောင့် ကိုယ်ဘာဖြစ်ချင်နေမှန်းမသိတဲ့စိတ်ကို သိမြင်လာရသလို၊ အဓိကနဲ့ သာမညဆိုတာကိုလဲ ခွဲခြား သိမြင်လာသလို ရှိလာတယ်။ အခုဒီစာအုပ်လေးက နှိုင်းစိတ်ဓာတ်ကျပြီး သွေးပျက်မလိုဖြစ်နေတဲ့ အချိန်မှာတော့ အားဆေးတစ်ခွက်စာပါပဲ.........မျှော်လင့်ခြင်းရဲ့ အရသာကိုခံစားချင်တဲ့ သူငယ်ချင်းတွေအတွက် နှိုင်းကိုယ်တိုင်လဲ မျှော်လင့်ခြင်းတွေနဲ့ရှင်သန်ချင်နေတဲ့အတွက် ..............
Dear Angel.....(23)
-
ချစ်သော အိန်ဂျယ်.....,
LTNS....
ကိုယ်အရင်တုန်းက တစ်ခါပြောပြဖူးတာ မှတ်မိသေးလား? အဲဒီလူတစ်ယောက်သေသွားရင်
သူ့အသုဘကိုတောင် သွားမပို့ဘူးလို့ ပြောဖူးခဲ့...
10 hours ago
4 ယောက်မှတ်ချက်ပြု:
yout tal nhaing yae..
home yout ma ..
lar read mal now..:P
ကောင်းလိုက်တဲ့ ပို့စ်လေးဗျာ ...
ခုလို ပြန်မျှဝေပေးတာ ကျေးဇူးပါဗျာ...
မျှော်လင့်ခြင်းက အားလုံးကို ပြန်ထွန်းလင်းစေနိုင်တယ်နော်...
လူ့ ဘ၀မှာ ဆက်လက်ရှင်သန်နိုင်ဖို့ မျှော်လင့်ခြင်းးက မရှိမဖြစ်ပေါ့ ....
လာဖတ်သွားတယ် နှိုင်းရေ..
အတွေးလေး ကောင်းတယ်..
မျှော်လင့်ချက်ဆိုတာ သိပ်ကို လိုအပ်တာ ပေါ့ နှိုင်း ရာ...
Post a Comment