Pages

Showing posts with label စဉ်းစားမိတာလေးတွေ. Show all posts
Showing posts with label စဉ်းစားမိတာလေးတွေ. Show all posts

Monday, July 04, 2016

အပိုင်းအစ


ကိုယ့် အ ချစ် က
(၄) နှစ် မှာ တစ် ခါ အ ရေ ခွံ လဲ တတ် တဲ့
ပြောင်း လဲ ခြင်း မျိုး...

Friday, March 18, 2011

နလပိန်းတုံးလေးပါ..း)


အချိန်နဲ့ နှလုံးသား ရင်းပြီးမှ ရလာတဲ့ အကျိုးအမြတ်က ကဗျာတစ်ပုဒ်ဆိုရင်လဲဟုတ်တယ်.. စာတစ်ပုဒ်ဆိုရင်လဲ ဟုတ်တယ်။

ကဗျာအကြောင်းနားမလည် စာအကြောင်းနားမလည်ပဲ အရူးတစ်ယောက်လို အဆတစ်ရာ စိတ်ကူးယဉ်ပြီး

အပျော်တမ်းရေးနေတဲ့လူရယ်လို့ www. ရဲ့ နောက်ဆက်တွဲတွေပေါ်မှာ ရှိဖူး/တွေ့ဖူး ပါသလားး...

ရှိဖူး/ တွေ့ဖူး တယ်ဆိုရင်လဲ အဲဒီလို ဆောက်သုံးမကြ..အချိုးမပြေပြစ်တဲ့ နလပိန်းတုံး ကဗျာဆရာတစ်ယောက်ဟာ...

အချိန်နဲ့ နှလုံးသားကို စော်ကားခံလိုက်ရတဲ့

အနှိုင်းမဲ့ ပဲ ဖြစ်လိမ့်မယ်.....ထင်တယ်... (ဟဟ)

Tuesday, July 27, 2010

နားမလည်နိုင်သေးပါ

တစ်ခါတစ်လေတော့လဲ ဘ၀က နေတတ်ရင် ကျေနပ်စရာဆိုပေမယ့်.......

ကျေနပ်လို့နေနေခဲ့ရတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး.....။
ကိုယ့်စိတ်နဲ့ ကိုယ့်ကို ကိုယ်တိုင်ရေးခြစ်ခဲ့တဲ့

အချစ်ဇတ်လမ်းတစ်ပုဒ်ရဲ့ဒဏ်ရာတွေက
သေရာပါတော့မယ်ထင်ပါရဲ့......။ တစ်ခါတစ်ခါ

တွေးမိတယ်....။ ငါ့စိတ်ကိုငါမပိုင်ဘူး...။ဒါဆို ဘယ်သူ ပိုင်တာလဲ လို့မေးရင်.....ကိုယ့်စိတ်

ကိုယ်တောင် ကိုယ်မပိုင်ရင်တစ်ဦးတစ်ယောက် ပိုင်ဆိုင်ချုပ်ကိုင်ဖို့ဆိုတာ ဝေးလွန်းပါတယ်။

နှိုင်း...ငယ်ငယ်တုန်းကအပြေးပြိုင်တယ်...ပန်းဝင်ခံနီး ပြိုင်ဘက်ကို ခိုးကြည့်လိုက်တဲ့ အတွက်

ဒုတိယပဲရခဲ့တယ်။ ဘေးလူတွေပြောတာကတော့ နှိုင်းသာ ခိုးမကြည့်လိုက်ရင် ပထမရမှာတဲ့....။

သူတို့ပြောလိုက်မှ နှိုင်းပြန်ပြေးချင်စိတ်ကပေါ်လာတယ်...။ အခုမှ အဲဒါလေးကိုပြန်စဉ်းစား

ကြည့်မိတယ်..။ ဘာလို့များ ငါခိုးကြည့်မိလိုက်ပါလိ့မ်ပေါ့...။ စဉ်းစားမိတာက ပထမဆုကို

လိုချင်တယ်ဆိုတာထက်အဲဒီကောင်မလေးကို နိုင်ချင်ခဲ့တာ.. ဘာလို့လဲဆိုတော့ သူက အတန်းထဲမှာ

လူသေးသလောက်
အရမ်းသွက်တာ.. ထုတ်ဆီးတိုးရင်လဲ နှိုင်းတို့က ရှေ့စည်းကိုတောင်မ၀င်

ရသေးဘူး..
သူက နောက်စည်း (ဘိတ်စည်း)ကနေတောင် ပြန်လာနေပြီ..ကြိုးခုန်ရင်လဲ

အဲဒီလိုပဲ..သူ့လူတွေအတွက် သူကအမြဲ `ကူ´ (ကလူ) ရတယ်။သွက်လိုက်တာမှ လှစ်ကနဲ..

လှစ်ကနဲ
ပဲ။ အဲဒါကြောင့် သူ့ကို ပိုပြီးနိုင်ချင်ခဲ့တယ်.. (ဘာမှလဲ မဆိုင်ဘူးနော်..အမှန်ဆို သူ့ဘာသူ

တော်တာတတ်တာ..အဲဒီလိုပဲ အနှိုင်းမဲ့က အကျင့်မကောင်းတာ) ဒါပေမယ့် နှိုင်း သူနဲ့ပြိုင်ခဲ့သမျှ

ပြိုင်ပွဲတိုင်း ရှုံးတာများတယ်...။ အဲဒါကြောင့်လဲ ပိုနိုင်ချင်တာထင်ပါရဲ့... အမှန်တော့ အရှုံးဆိုတာ

နှိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတာ
ကို နှိုင်းအခုချိန်မှာမေ့နေတယ်။ အခု အရွယ်ရောက်လာတော့

အချစ်နဲ့ ပတ်သတ်ပြီး မပြိုင်ချင်ဘူး......အဲဒါ ရှုံးမှာကြောက်လို့တော့မဟုတ်ဘူး.
.။ ချစ်သူကို

ပြိုင်ဘက်တစ်ယောက်လို သဘောမထားရက်တာ...တစ်ခါတစ်ခါ ချစ်သူကို ကိုယ်ကငဲ့ကြည့်ခဲ့

သလောက် သူတု့န်ပြန်လိုက်တဲ့ အရာတိုင်းက စိမ်းပြတ်လွန်းတယ်။ ကြာပြီ....

တော်တော်လေးကိုကြာခဲ့
ပြီ...သူ့ကို နားလည်နိုင်ဖို့ကြိုးစားခဲ့တာ...နားလည်နိုင်မယ်လို့

ကိုယ့်ကိုကိုယ်လဲ ယုံကြည်ခဲ့တယ်။ နားမလည်နိုင်လွန်းတဲ့ တစ်နေ့ အလိုက်တသိနောက်ဆုတ်ခဲ့တော့

ကိုယ့်ကို ရှေ့တိုးဖို့ သူတွန်းအားပြန်ပေးခဲ့တယ်...။ ကိုယ်အမှတ်မရှိမျက်စိစုံမှိတ်လို့ တိုးဝင်ခဲ့ပါတယ်။

သူ ကစားနေတာ... သူ့ နေရာလွတ်တစ်ခုအတွက်....နှိုင်းကို ကစားနေတာ သေချာပါတယ်....။ သူ

နှိုင်းကို ချစ်ခဲ့သလား... အခုချိန်မှာ မတွေးသင့်ပေမယ့်... သူဖန်တီးနေတဲ့ ဇတ်အိမ်တခုအတွက်တော့

နားမလည်နိုင်စွာနဲ့ တွေးနေမိပါသေးတယ်....။ စကထဲကနားမလည်နိုင်ခဲ့တာ..အဆုံးသတ်တော့လဲ

နားမလည်လိုက်တာ ဘာဆန်းလဲနော်....။


ဘယ်လိုပြောလိုက်ပါလိမ့်...............

စည်းတစ်ခုကို ကိုယ်တိုင်တားထားခဲ့တဲ့
အချိန်တွေတိုင်းမှာ နင်ရယ်ငါရယ်က
ဘယ်လိုအကြောင်းအရာမျိုးကိုမှ ပြောဆိုပိုင်ခွင့်မရှိတော့ဘူးလေ။

တကယ်ဆို....
မင်းမလိုလို့ စွန့်ပစ်ခဲ့တာပဲ
ဘာလို့များ လှည့်ကြည့်နေဖို့ ကြိုးစားမှာလဲ။

ခြေဦးမလှည့်မိအောင်
ကြိတ်မှိတ်ကြိုးစားခဲ့ရတာတွေက
မုသားနဲ့ရောထားတဲ့ ရိသဲ့သဲ့စကားလုံးတွေအောက်
အမှတ်မရှိစွာ ထပ်ရောက်မိမှာ ငါစိုးပါတယ်။
(နှိုင်း)


ရေးထားတဲ့ စကားလုံးတွေက ဗလုံးဗထွေးဖြစ်နေမှာ သေချာပါတယ်... ရင်ထဲ ရှုပ်ထွေး မွန်းကြပ်လွန်းလို့သာ ရေးလိုက်မိတာ...အမှန်ပြောရရင်တော့ ကဗျာပြန်ရေးဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ :( နားမလည်တတ်တဲ့လူရေးထားတာဆိုတော့ ဖတ်တဲ့လူတွေလဲ နားလည်မှာမဟုတ်တဲ့အတွက် အားနာစွာနဲ့ပဲ တောင်းပန်လိုက်ပါတယ်....။ ပေါ့ပျက်ပျက်နဲ့ အားအားယားယားများရေးနေသလားဟယ်လို့ ပြောချင်ပြောမယ်..။
အဲဒီလိုထင်ရင်လဲ ကိစ္စမရှိပါဘူး....အနှိုင်းမဲ့ အခုချိန်မှာ မွန်းကြပ်လွန်းလို့ ရေးချင်တာတွေ..စာမျက်နှာပေါ်ရေးချသွားမယ်..ပြီးရင်တော့
အနှိုင်းမဲ့ ဆိုတာ ပျောက်ကွယ်သွားမှာပါ.....။


Saturday, May 01, 2010

အနှိုင်းမဲ့..ဆိုတာ

အနှိုင်းမဲ့...ဆိုတာ

စိတ်ခံစားးမှုတစ်ခုကို
ရှေ့တန်းတင်တတ်တဲ့.....လူ

ဝမ်းနည်းစရာတွေကိစ္စတွေကြုံတိုင်
မျက်ရည်လွယ်တတ်တဲ့....လူ

စိတ်ဆိုး/စိတ်ကောက်လွယ်တတ်တဲ့...လူ

နှလုံးသားကိုခဏခဏကစားခံရတတ်တဲ့..လူ

ရင်ဘတ်တွေ မွန်းကြပ်လာတိုင်းးးးး
အပေါင်းသင်းတွေနဲ့
M3 ကိုပြေးတတ်တဲ့...လူ

ချစ်တဲ့ခင်တဲ့..လူတွေပေါများတယ်ဆိုပြီး
ကိုယ့်ကိုကိုယ် အထင်ကြီးနေတတ်တဲ့...လူ

ဆိုက်ကို...လို့ခဏခဏအခေါ်ခံရတိုင်း
ပါးချိုင့်လေးပေါ်အောင်ရယ်တတ်တဲ့...လူ

တစ်ယောက်ထဲ အထီးကျန်နေတဲ့အချိန်တွေမှာ
ဂျောင်လေးထဲ ကြိတ်ငိုတတ်တဲ့....လူ

မဟုတ်မခံစိတ်နဲ့
ဒေါသဖြစ်လွယ်တတ်တဲ့....လူ

ကဗျာတွေကိုချစ်သလောက်
ချစ်သူကိုလဲ ကဗျာတွေနဲ့ ခိုင်းနှိုင်း ဖွဲ့ဆိုတတ်တဲ့...လူ

ကဗျာတွေထဲမှာပဲ ကဗျာတွေကိုသေခိုင်းတတ်တဲ့....လူ
ချစ်သူရဲ့ နှလုံးသားထဲမှာလဲ
အလိုက်မသိစွာ...သေဆုံးနေတတ်တဲ့...လူ

အဲဒီလူ....ကို
အ နှိုင်း မဲ့..လို့ခေါ်တယ်.............။
(နှိုင်း)

ကဗျာမဟုတ်တဲ့ ကဗျာတစ်ပုဒ်ကိုတင်မလိုလုပ်ပြီးမှ မတင်ချင်တော့တာနဲ့ Draft မှာသိမ်းထားလိုက်တာ...အဲဒါကို မောင်ညလင်းအိမ်က မတင်ပဲနဲ့နောက်တယ်ဆိုပြီး ငေါက်လိုက်လို့ (ကြောက်ရတယ်လေ..ဆရာသမားဆိုတော့ :P ) ကဗျာလဲရေးလို့မရသေးတာနဲ့ ဟိုးအရင်တီဝေါလ်မှာတင်ထားတဲ့အနှိုင်းမဲ့ဆိုတာ.....လေးကို
တင်လိုက်တာပါ...။ အခု ning ဆိုဒ်တွေက ပိတ်မယ်လို့ကြားလို့ တီဝေါလ်ထဲက ကဗျာတွေကိုပြန်သိမ်းနေတာ အကြိုက်ဆုံးတွေကိုရွေးပြီး ဒီဘလော့မှာတင်ဖြစ်အုံးမယ်ထင်ပါတယ်။ မောင်ညလင်းအိမ်က အနှိုင်းမဲ့ဆိုတာလေးကို မဖတ်ရသေးပဲနဲ့ရေးပေးလိုက်တာလေးက တစ်မျိုးလေးမလို့ သူပြန်ရေးပေးလိုက်တဲ့ စာသားလေးကိုပါ တင်လိုက်ပါတယ်။သူငယ်ချင်းတို့လဲ နှိုင်းကိုသိသည်ဖြစ်စေ..မသိသည်ဖြစ်စေ...အနှိုင်းမဲ့ဆိုတာ ဘယ်လိုစိတ်နဲ့ အသက်ရှင်နေတဲ့ လူတစ်ယောက်လဲဆိုတာ ကောင်းကောင်းဝေဖန်ကြည့်ပါလားး..

အနှိုင်းမဲ့ဆိုတာ ...
ခံစားလွယ်သလိုနဲ့ စိတ်မာတယ်
ပြတ်သားသလိုနဲ့ သနားတယ်
နာကျည်းတတ်ပေမယ့် ခွင့်လွှတ်တယ်
အရာရာနဲ့ နှိုင်းရရင် အရာရာတိုင်းမှာ...
(ညလင်းအိမ်)


Sunday, March 14, 2010

မျှော်လင့်ခြင်း (သို့) နောက်ဆုံးဖယောင်းတိုင်

ဖယောင်းတိုင် လေးတိုင် ဖြည်းဖြည်းချင်းတောက်လောင်နေကြတယ်။
သူတို့ဝန်းကျင်မှာတော့ အလွန် တိုးညင်းတဲ့အသံလေးတွေဟာ ကြားနိုင်ရုံလောက်ပဲ ပြန်လွင့်နေတယ်။

ပထမ ဖယောင်းတိုင်ကပြောတယ်။
"ကျုပ်က ငြိမ်းချမ်းခြင်းလေ၊ ဒါပေမယ့် ကျုပ်ဆက်လက်ရှင်သန်အောင် ဘယ်သူမှ မထိန်းနိုင်ပါဘူး၊ ကျုပ် မီးတောက်က ငြိမ်းတော့မယ် ထင်တာပဲ "
(အမှန်ပါပဲ။ အဲဒီမီးတောက်က အလျင်အမြန်ပဲ မှိန်မှိန်လာရာက နောက်ဆုံးလုံးဝ ငြိမ်းသွားပါတော့တယ်။)

ဒုတိယ ဖယောင်းတိုင်က ခုလိုဆိုတယ်။
" ယုံကြည်မှုဆိုတာ ကျုပ်ပေါ့၊ အားလုံးနီးပါးလိုပဲ ကျုပ်လည်းမရှိမဖြစ် ဆက်မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့်ဒီထက်ကြာကြာနေရမယ်လို့လည်း မထင်တော့ပါဘူး"
(သူပြောပြီးတယ်ဆိုရင်ပဲ လေပြေလေးအသာတိုးဝှေ့ တိုက်ခတ်လိုက်တာ သူလည်း ငြိမ်သွားတော့တယ်။)

ဝမ်းနည်းပမ်းနည်းနဲ့ တတိယ ဖယောင်းတိုင်ကလည်း သူ့အလှည့်မှာ ပြောလာပြန်တယ်။
" ကျုပ်က အချစ်လေ၊ သိတယ် မဟုတ်လား၊ ကျုပ်လည်း ဆက်ပြီး လင်းလက်ဖို့အင်အားမရှိတော့ပါဘူး၊ လူတွေက ကျုပ်ကိုမေ့ထားလိုက်ကြတယ်၊ ကျုပ်ရဲ့ အရေးပါပုံကိုလည်း နားမလည်ကြဘူး၊
သူတို့နဲ့ အနီးဆုံးမှာ ရှိနေတဲ့သူတွေကိုတောင်မှ မေတ္တာထားဖို့ မေ့တတ်ကြတာ လူတွေပဲလေ "

နောက်တော့ သူလည်း ဆက်မတောက်နိုင်တော့ပဲ ငြိမ်းသွားတယ်။

ဗြုန်းကနဲဆို ကလေးတစ်ယောက် အခန်းထဲရောက်လာတယ်။ ဖယောင်းတိုင် သုံးတိုင်မီးမတောက်နိုင်တော့တာကို သူတွေ့သွားတယ်။
" ဘာလို့ ခင်ဗျားတို့ ဆက်မလင်းကြတော့တာလဲ၊ ခင်ဗျားတို့ကို ကုန်သွားတဲ့အထိ တောက်မယ်လို့ ထင်ထားတာ"
အဲဒီလိုပြောပြီး ကလေးကဟာ ငိုပါလေရော...။

အဲဒီမှာ စတုတ္ထ ဖယောင်းတိုင်ဆီက အသံထွက်လာတယ်။
" ကောင်လေး၊ မစိုးရိမ်နဲ့၊ ငါရှိတယ်၊ ငါ့ မီးတောက်ရှိနေသရွေ့ ဒီပြင် ဖယောင်းတိုင်တွေကို
ပြန်လင်းအောင်
ထွန်းပေးနိုင်တယ်..၊ ငါဟာ မျှော်လင့်ခြင်းပဲ "

ကောင်လေးရဲ့ မျက်လုံးတွေ ဖျတ်ကနဲလင်းလက်သွားတယ်။ ရွှန်းလဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့ နောက်ဆုံးလက်ကျန် ဖယောင်းတိုင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ဆတ်ကနဲယူပြီး
ဒီ့ပြင်ဖယောင်းတိုင်တွေကို ထွန်းညှိလိုက်တယ်။

သင့်ဘ၀မှာ မျှော်လင့်ခြင်း မီးတောက် ဘယ်တော့မှ ပျောက်မသွားစေနဲ့။ ဒါမှ မျှော်လင့်ခြင်း ၊ ယုံကြည်ခြင်း၊
ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်း မေတ္တာ တရားတွေကို ကျွန်တော်တို့ဆီကနေ ပျောက်မသွားရအောင် ကိုယ်စီကိုယ်ငှ
ထိန်းသိမ်းစောင့်ရှောက်နိုင်မှာလေ...။ (ဘုန်းခေါင်)

မျှော်လင့်ခြင်း (သို့) နောက်ဆုံးဖယောင်းတိုင်.......ဆိုတဲ့ ဆရာဘုန်းခေါင်ရေးသားတဲ့ ဒီစာအုပ်လေးကို ဖတ်မိရတော့ စိတ်ထဲမှာ မျှော်လင့်ချင်လာတယ်.. ဆုံးရှုံးပြီလို့ ကိုယ်တိုင်မှတ်ယူထားတဲ့အရာတွေကို ပြန်မျှော်လင့်ချင်လာတယ်..။ နှိုင်းက စာဖတ်ရတာကို ပျင်းတယ်..ဒီစာအုပ်လေးကိုတော့ ပြီးဆုံးတဲ့အထိဖတ်ဖြစ်တယ်..။အဝေးကြီးမှာရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေး.ဆုံးမမှုကြောင့် ကိုယ်ဘာဖြစ်ချင်နေမှန်းမသိတဲ့စိတ်ကို သိမြင်လာရသလို၊ အဓိကနဲ့ သာမညဆိုတာကိုလဲ ခွဲခြား သိမြင်လာသလို ရှိလာတယ်။ အခုဒီစာအုပ်လေးက နှိုင်းစိတ်ဓာတ်ကျပြီး သွေးပျက်မလိုဖြစ်နေတဲ့ အချိန်မှာတော့ အားဆေးတစ်ခွက်စာပါပဲ.........မျှော်လင့်ခြင်းရဲ့ အရသာကိုခံစားချင်တဲ့ သူငယ်ချင်းတွေအတွက် နှိုင်းကိုယ်တိုင်လဲ မျှော်လင့်ခြင်းတွေနဲ့ရှင်သန်ချင်နေတဲ့အတွက် ..............

Saturday, November 21, 2009

မဖြစ်တဲ့.....ဘဝ

ဘ၀ဆိုတာကို......
ငါငယ်ငယ်ကလွယ်ကူစွာဆော့ခဲ့ရတဲ့
လေယာဉ်စက္ကူခေါက်နည်းလောက်လိုပဲထင်ခဲ့တာ..။

လောကရဲ့ရင်ခွင်အောက်
ငါရောက်ရှိတော့
ငါဆော့ခဲ့တဲ့
လေယာဉ်ခေါက်ကစားနည်းလို...

ငါဖြစ်ချင်တဲ့ပုံစံ.....

ငါလိုသလိုပုံသွင်း.....

ငါကိုယ်တိုင်တောင်ခေါက်ချိုးလို့မရတဲ့....

အချိန်တွေ........

နေ့ရက်တွေ..........

အိမ်မက်တွေ...........

ဆန္ဒတွေ.......

အချစ်တွေ......

ဘာမှဖြစ်မလာခဲ့ဘူး....။

လောကကြီးကို
အနိုင်ယူဖို့အကြိမ်ကြိမ် ငါကြိုးစားခဲ့ဖူးတယ်..။

ငါလုပ်ချင်တာတွေကိုငါလုပ်မယ်...

ငါသွားချင်တဲ့လမ်းကိုငါလျှောက်တယ်..

ငါမှန်တယ်ထင်ရင်ငါဘ၀ကိုငါထုဆစ်မယ်..

ငါဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်မယ်...

ငါလိုချင်တာကိုငါရအောင်ယူမယ်.....။

ဟော...
ငါမှားသွားတော့
ဒီငနဲက ပြုံးပြုံးကြီးနဲ့စိုက်ကြည့်နေလိုက်တာ..။

သူကပဲနိုင်သွားတာလား..
ငါကပဲရှုံးနိမ့်တာလား...

`` မဟုတ်ဘူး ´´.....

ငါအပါဝင်....
လူတွေအားလုံးက..
ကိုယ်.....ဖြစ်.......ချင်.....တာ.....တွေ
ဖြစ်......ချင်.....သ.....လို....မ....ဖြစ်....ရ....တဲ့
အ.......ခါ.......တွေ.........မှာ
ကံကြမ္မာကိုအပြစ်တင်တတ်ကြတယ်။

အမှန်တော့..............`` ဒါ ´´
ငါတို့တွေကျင်လည်နေရမယ့်
ကံစီမံရာလောကဓံတစ်ရပ်ပါ.....

လောကကြီးမှာအပြစ်မရှိပါဘူးလေ......။