Pages

Tuesday, July 27, 2010

နားမလည်နိုင်သေးပါ

တစ်ခါတစ်လေတော့လဲ ဘ၀က နေတတ်ရင် ကျေနပ်စရာဆိုပေမယ့်.......

ကျေနပ်လို့နေနေခဲ့ရတဲ့ဘ၀တော့ မဟုတ်ခဲ့ဘူး.....။
ကိုယ့်စိတ်နဲ့ ကိုယ့်ကို ကိုယ်တိုင်ရေးခြစ်ခဲ့တဲ့

အချစ်ဇတ်လမ်းတစ်ပုဒ်ရဲ့ဒဏ်ရာတွေက
သေရာပါတော့မယ်ထင်ပါရဲ့......။ တစ်ခါတစ်ခါ

တွေးမိတယ်....။ ငါ့စိတ်ကိုငါမပိုင်ဘူး...။ဒါဆို ဘယ်သူ ပိုင်တာလဲ လို့မေးရင်.....ကိုယ့်စိတ်

ကိုယ်တောင် ကိုယ်မပိုင်ရင်တစ်ဦးတစ်ယောက် ပိုင်ဆိုင်ချုပ်ကိုင်ဖို့ဆိုတာ ဝေးလွန်းပါတယ်။

နှိုင်း...ငယ်ငယ်တုန်းကအပြေးပြိုင်တယ်...ပန်းဝင်ခံနီး ပြိုင်ဘက်ကို ခိုးကြည့်လိုက်တဲ့ အတွက်

ဒုတိယပဲရခဲ့တယ်။ ဘေးလူတွေပြောတာကတော့ နှိုင်းသာ ခိုးမကြည့်လိုက်ရင် ပထမရမှာတဲ့....။

သူတို့ပြောလိုက်မှ နှိုင်းပြန်ပြေးချင်စိတ်ကပေါ်လာတယ်...။ အခုမှ အဲဒါလေးကိုပြန်စဉ်းစား

ကြည့်မိတယ်..။ ဘာလို့များ ငါခိုးကြည့်မိလိုက်ပါလိ့မ်ပေါ့...။ စဉ်းစားမိတာက ပထမဆုကို

လိုချင်တယ်ဆိုတာထက်အဲဒီကောင်မလေးကို နိုင်ချင်ခဲ့တာ.. ဘာလို့လဲဆိုတော့ သူက အတန်းထဲမှာ

လူသေးသလောက်
အရမ်းသွက်တာ.. ထုတ်ဆီးတိုးရင်လဲ နှိုင်းတို့က ရှေ့စည်းကိုတောင်မ၀င်

ရသေးဘူး..
သူက နောက်စည်း (ဘိတ်စည်း)ကနေတောင် ပြန်လာနေပြီ..ကြိုးခုန်ရင်လဲ

အဲဒီလိုပဲ..သူ့လူတွေအတွက် သူကအမြဲ `ကူ´ (ကလူ) ရတယ်။သွက်လိုက်တာမှ လှစ်ကနဲ..

လှစ်ကနဲ
ပဲ။ အဲဒါကြောင့် သူ့ကို ပိုပြီးနိုင်ချင်ခဲ့တယ်.. (ဘာမှလဲ မဆိုင်ဘူးနော်..အမှန်ဆို သူ့ဘာသူ

တော်တာတတ်တာ..အဲဒီလိုပဲ အနှိုင်းမဲ့က အကျင့်မကောင်းတာ) ဒါပေမယ့် နှိုင်း သူနဲ့ပြိုင်ခဲ့သမျှ

ပြိုင်ပွဲတိုင်း ရှုံးတာများတယ်...။ အဲဒါကြောင့်လဲ ပိုနိုင်ချင်တာထင်ပါရဲ့... အမှန်တော့ အရှုံးဆိုတာ

နှိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတာ
ကို နှိုင်းအခုချိန်မှာမေ့နေတယ်။ အခု အရွယ်ရောက်လာတော့

အချစ်နဲ့ ပတ်သတ်ပြီး မပြိုင်ချင်ဘူး......အဲဒါ ရှုံးမှာကြောက်လို့တော့မဟုတ်ဘူး.
.။ ချစ်သူကို

ပြိုင်ဘက်တစ်ယောက်လို သဘောမထားရက်တာ...တစ်ခါတစ်ခါ ချစ်သူကို ကိုယ်ကငဲ့ကြည့်ခဲ့

သလောက် သူတု့န်ပြန်လိုက်တဲ့ အရာတိုင်းက စိမ်းပြတ်လွန်းတယ်။ ကြာပြီ....

တော်တော်လေးကိုကြာခဲ့
ပြီ...သူ့ကို နားလည်နိုင်ဖို့ကြိုးစားခဲ့တာ...နားလည်နိုင်မယ်လို့

ကိုယ့်ကိုကိုယ်လဲ ယုံကြည်ခဲ့တယ်။ နားမလည်နိုင်လွန်းတဲ့ တစ်နေ့ အလိုက်တသိနောက်ဆုတ်ခဲ့တော့

ကိုယ့်ကို ရှေ့တိုးဖို့ သူတွန်းအားပြန်ပေးခဲ့တယ်...။ ကိုယ်အမှတ်မရှိမျက်စိစုံမှိတ်လို့ တိုးဝင်ခဲ့ပါတယ်။

သူ ကစားနေတာ... သူ့ နေရာလွတ်တစ်ခုအတွက်....နှိုင်းကို ကစားနေတာ သေချာပါတယ်....။ သူ

နှိုင်းကို ချစ်ခဲ့သလား... အခုချိန်မှာ မတွေးသင့်ပေမယ့်... သူဖန်တီးနေတဲ့ ဇတ်အိမ်တခုအတွက်တော့

နားမလည်နိုင်စွာနဲ့ တွေးနေမိပါသေးတယ်....။ စကထဲကနားမလည်နိုင်ခဲ့တာ..အဆုံးသတ်တော့လဲ

နားမလည်လိုက်တာ ဘာဆန်းလဲနော်....။


ဘယ်လိုပြောလိုက်ပါလိမ့်...............

စည်းတစ်ခုကို ကိုယ်တိုင်တားထားခဲ့တဲ့
အချိန်တွေတိုင်းမှာ နင်ရယ်ငါရယ်က
ဘယ်လိုအကြောင်းအရာမျိုးကိုမှ ပြောဆိုပိုင်ခွင့်မရှိတော့ဘူးလေ။

တကယ်ဆို....
မင်းမလိုလို့ စွန့်ပစ်ခဲ့တာပဲ
ဘာလို့များ လှည့်ကြည့်နေဖို့ ကြိုးစားမှာလဲ။

ခြေဦးမလှည့်မိအောင်
ကြိတ်မှိတ်ကြိုးစားခဲ့ရတာတွေက
မုသားနဲ့ရောထားတဲ့ ရိသဲ့သဲ့စကားလုံးတွေအောက်
အမှတ်မရှိစွာ ထပ်ရောက်မိမှာ ငါစိုးပါတယ်။
(နှိုင်း)


ရေးထားတဲ့ စကားလုံးတွေက ဗလုံးဗထွေးဖြစ်နေမှာ သေချာပါတယ်... ရင်ထဲ ရှုပ်ထွေး မွန်းကြပ်လွန်းလို့သာ ရေးလိုက်မိတာ...အမှန်ပြောရရင်တော့ ကဗျာပြန်ရေးဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ :( နားမလည်တတ်တဲ့လူရေးထားတာဆိုတော့ ဖတ်တဲ့လူတွေလဲ နားလည်မှာမဟုတ်တဲ့အတွက် အားနာစွာနဲ့ပဲ တောင်းပန်လိုက်ပါတယ်....။ ပေါ့ပျက်ပျက်နဲ့ အားအားယားယားများရေးနေသလားဟယ်လို့ ပြောချင်ပြောမယ်..။
အဲဒီလိုထင်ရင်လဲ ကိစ္စမရှိပါဘူး....အနှိုင်းမဲ့ အခုချိန်မှာ မွန်းကြပ်လွန်းလို့ ရေးချင်တာတွေ..စာမျက်နှာပေါ်ရေးချသွားမယ်..ပြီးရင်တော့
အနှိုင်းမဲ့ ဆိုတာ ပျောက်ကွယ်သွားမှာပါ.....။


8 ယောက်မှတ်ချက်ပြု:

အဖြူရောင်နတ်သမီး said...

နှိုင်းရယ်...
အဲဒီလောက်မခံစားပါနဲ့လား...
နှိုင်းရဲ့ဘေးမှာ နေပေးချင်ပေမယ့် နတ်သမီးက အဝေးမှာလေ...

တို့တွေရင်ဖွင့်ခဲ့ဖူးတဲ့ နေ့လေးကို သတိရနေဆဲပါ နှိုင်းရယ်...

လင်းခေတ်ဒီနို said...

ည်းတစ်ခုကို ကိုယ်တိုင်တားထားခဲ့တဲ့
အချိန်တွေတိုင်းမှာ နင်ရယ်ငါရယ်က
ဘယ်လိုအကြောင်းအရာမျိုးကိုမှ ပြောဆိုပိုင်ခွင့်မရှိတော့ဘူးလေ။

တကယ်ဆို....
မင်းမလိုလို့ စွန့်ပစ်ခဲ့တာပဲ
ဘာလို့များ လှည့်ကြည့်နေဖို့ ကြိုးစားမှာလဲ။


မယ်နှိုင်း ငါ တကယ်ခံစားချက်ထိရှိသွားတယ်

Mamoonn said...

လှည့်စားတက်တဲ့ လူတစ်ယောက်ကို
လှပစွာ တိန်းရှောင်လိုက်ပေါ့ နှိုင်းရယ်..။
ခင်တဲ့..။

နေ၀သန် said...

အရမ်းကြိုက်တယ်... ရင်ဖွင့်သွားပုံက ခပ်သွက်သွက်လေးနဲ့ ဖတ်ရတာ.. ဘယ်လိုပြောရမလဲတောင်မသိဘူး.. ကြိုက်တာပဲသိတယ်... ပေါ့ပျက်ပျက်မနိုင်ပါဘူး.. ဆက်ရေးပါဦး.. ဒီလိုပုံနဲ့..း)))

ခင်မင်တဲ့
နေ၀သန်
(မနက်ကတည်းကဖတ်ထားတာ မန့်မယ်လုပ်တော့ အကောင့်ဝင်ရမှာနဲ့.. အခုမှ.. )

blackroze said...

အဲလောက်မခံစားပါနဲ့နှိုင်း...
တခါတခါအချစ်ဆိုတာမခံစားဘဲပစ်ထားလိုက်ရတယ်
အဲလိုလေးလည်းနေကြည့်ပါဦးကွယ်..
သူကစွန့်ပစ်တတ်တယ်ဆိုရင်
ကိုယ်ကလဲ..နှုတ်ဆက်နိုင်ရမှာပေါ့

ခင်တဲ့...blackroze

ညလင်းအိမ် said...

အော် ခက်တယ် ခက်တယ် ...
ဤကမ္ဘာမှာ အချစ်မရှိရင်လည်း မကောင်း
ရှိရင်လည်း မကောင်းပါသကား ...။

လူဆိုတာ ခံစားချက်ကို ပေါက်ထွက်တတ်တာပဲ ... ဗလုံးဗထွေး မဖြစ်ပါဘူးဗျာ... ရေးထားတာ ကောင်းပါတယ် ..

Cameron said...

လောကမှာ အချစ်နဲ့အစာအိမ်မရှိရင် အကောင်းဆုံးပါတဲ့..


ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

နှိုင်းရေ....
နေကောင်းရဲ့လား...
စိတ်ပူနေတယ်နော်....