ဒါဖြင့်လဲ
ခွဲကြစို့ လေ
ခြေတစ်လှမ်း နှစ်လှမ်း
တမ်းတခြင်း ကိုယ်စီ
ဒဏ္ဍာရီတစ်ခု ဖြစ်
မေ့ပစ်ဖို့တော့ မလွယ်ဘူးနော် … ၊
ရစ်တွယ် ခိုဝင်
ရင်ခွင် မွတ်သိပ်
ချစ်ရိပ် ဖိတ်ကျ
(ဒါ) အိပ်မက်မှ မဟုတ်ခဲ့တာ … ။
နူးညံ့တဲ့ ကြိုးတစ်ချောင်း
ကိန်းဂဏန်း လောင်းရိပ်အောက်
ကွယ်ပျောက်လု တဲတဲ …
မိန်းမသားပဲ … ကွယ်
ဘယ်နေရာမဆို
ခိုကိုးမှုဟာ လိုအပ်ပါတယ်။
မရဲဝံ့သူ … လွယ်ကူ နောက်ဆုတ်
တစ်ခန်းရပ် ဇာတ်ထုပ် … တဲ့
နံရံရဲ့တစ်ဖက်က
ပြန်ရက်မှတော့ ပြန်ပေါ့ကွယ် … ။
“ငယ်ငယ်တုန်းကပါ ဘာ … ညာ …”
ရယ်စရာ ဖွဲ့လျက်
ရယ်ရက်ဖို့ လိုသေးရင်
အချိန်ဆိုတာ ရှိတယ်။
မာနငွေ့အပြုံးများနဲ့
တားမြစ်ခွင့် ရုပ်သိမ်းခဲ့
လှည့်မကြည့်တမ်း လေ
(ဒီနေရာမှာ … )
အလွမ်း မရှိ သောက မရှိ
မလိုအပ်သော ဇာတ်ဆန်မှုများ မရှိ။
ဒါပေမယ့် …
နာကျင်တဲ့ နှလုံးအိမ်ပေါ်
ဖြတ်ကျော်နင်းစဉ်က
ခြေရာဖွဖွ တသဖို့ ကျန်ရစ်တာ
သူ … သိနိုင်မှာ မဟုတ်ဘူးလေ။
ခုဆို …
ပြိုလုလု လဝန်းရိပ်
တိတ်တဆိတ် ကပ်ချဉ်း
နှင်းစက်တို့ လောင်ကျွမ်းဆဲ
ဖဲယားဝဲလ် … ညများစွာ။ ။
( ဂျူး )
ဒီကဗျာလေးက ထိုတောအုပ်နှင့် ရသမိုးကောင်းကင်ဆိုတဲ့ စုပေါင်းကဗျာစာအုပ်လေးထဲကပါ။ ဆရာမရဲ့ FB ထဲကနေတွေ့လို့ နှိုင်းနှစ်သက်တဲ့အတွက် ပြန်မျှဝေတဲ့သဘောပါပဲ...။
5 ယောက်မှတ်ချက်ပြု:
မရဲဝံ့သူ … လွယ်ကူ နောက်ဆုတ်
တစ်ခန်းရပ် ဇာတ်ထုပ် … တဲ့
နံရံရဲ့တစ်ဖက်က
ပြန်ရက်မှတော့ ပြန်ပေါ့ကွယ် … ။
သိပ်ကောင်းတဲ့ စာသားလေးပါပဲ မယ်နှိုင်း
နှိုင်းရေထပ်လာပြီးခံစားသွားပါတယ်...ကဗျာလေးကို..
မျှဝေပေးတာကျေးဇူးပါနော်..
ကျမလဲဆရာမဂျူးကိုကြိုက်တယ်..
သူရေးတဲ့..ချစ်သူလားစကားတပွင့်ပွင့်ခဲ့တယ်..
ဆိုတဲ့စာအုပ်..ကြယ်စင်တံတားကမ်းပါးနှင်းမြူ..
ချစ်သူရေးတဲ့ကျမရဲ့ညတွေ..
ကျမအရမ်းနှစ်သက်မိတဲ့စာအုပ်တွေပါ
နောက်ထပ်ကဗျာလေးတွေရှိသေးရင်လဲ
ထပ်ပြီးတင်ပေးပါဦးနော်..
မယ်နှိုင်း...ဘာလို့ ကျုပ်ကွန်မန့်ကို ဖျက်ပစ်လဲ..။
နံရံပါးပါးလေးတစ်ချပ်ပြိုကျသွားမှာစိုးလို့လား..။
ကျုပ်တို့ မောင်တူးနဲ့ဆုံတုန်းက ညည်းကျုပ်ကို ကဗျာရေးပေးလို့ပြောတယ်လေ...အဲညက မောင်တူးတောင် စာရွက်သေးသေးလေးမှာ ရေးပေးသေးတယ်လေ...။ အဲဒီညက ကဗျာလေး စာရွက်ပေါ်မရေးချဖြစ်လိုက်ပေမယ့် နောက်နေ့ကျရင် ဘလောဂ်ပေါ်တင်မယ်...လာဖတ်လှည့်...။
ခင်မင်စွာဖြင့်
မိုးငွေ့
ကဗျာလေးက တော်တော်ကောင်းတယ်နော် ...
ဆရာမဂျူး ကဗျာတွေ သေချာမဖတ်ဖူးသေးဘူး ...
ကျေးဇူးပဲ .. နှိုင်းရေ ...
နာကျင်တဲ့ နှလုံးအိမ်ပေါ်
ဖြတ်ကျော်နင်းစဉ်က
ခြေရာဖွဖွ တသဖို့ ကျန်ရစ်တာ
သူ … သိနိုင်မှာ မဟုတ်ဘူးလေ။
.....................
ကော်ပီပေ့စ်...ဆိုပေမယ့် ငါတကယ်ကြိုက်လို့ပါကွာ...
Post a Comment