Pages

Sunday, March 21, 2010

March,21' အမှတ်တရ......(၁)

ဝမ်းမနည်းပါဘူး မိတ်ဆွေ..နောက်တစ်နှစ်နွေဦးမှာ
ငါ့အကြောင်း ကဗျာ...ဖွဲ့ကြဦးမှာပဲ မဟုတ်လား
ငါကအနာဂတ်ရဲ့ သားကောင်မဟုတ်ပေမယ့်
နောင်တကင်းမဲ့ စိတ်နေစိတ်ထားတွေ တစ်ပွေ့တစ်ပိုက်
နောက်ထပ် သန္ဓေသားဝမ်းဗိုက်တစ်လုံးကို သယ်ဆောင်ရင်း
နွေခရီးပြင်း..နှင်ခဲ့ပါအုံးမယ်။
ယဉ်မင်းဦး (ဆေးတက္ကသိုလ်)

Though I am not a futurity prey
with armful of remorses beneft of repentence
I am going to resume strenous journey
Conveying a pregnancy travail
YIN MIN OO (I.M)


ရွေးချယ်ခွင့်

အနုပညာသမားဘ၀...ချစ်မိ...ချစ်ဆဲ
အသည်းကွဲတဲ့အကြောင်း
မကောင်းမပြောလိုက်ပါနဲ့
ကိုယ်ရွေးချယ်တဲ့ အနမ်းပဲမဟုတ်လား
အနုပညာသမားဘ၀..လုံးပါ ပါးလည်း
အမုန်းတရားအကြောင်း
မကောင်းမပြောလိုက်ပါနဲ့
ကိုယ်ရွေးချယ်တဲ့ ပန်းပဲ မဟုတ်လား
အနုပညာသမားဘ၀....တန်ဖိုးထားလို့
ဒုက္ခအကြောင်း
မကောင်းမပြောလိုက်ပါနဲ့
ကိုယ်ရွေးချယ်တဲ့ လမ်းပဲမဟုတ်လား
အနုပညာသမားဘ၀...ပေးဆပ်ရင်း......ပေးဆပ်ရင်း
သေခြင်းတရားအကြောင်း
မကောင်းပြောချင် ပြောလိုက်ပါ
သူက ကိုယ့်ကိုရွေးချယ်ခဲ့တာပဲ မဟုတ်လားး
ယဉ်မင်းဦး (ဆေးတက္ကသိုလ်)


ဒီကဗျာလေးက ၂၀၀၇ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ကမ္ဘာ့ကဗျာနေ့အဖြစ် ဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်) မှ “အဖြူရောင် ပိတောက်ချို ” ဆိုတဲ့နာမည်လေးနဲ့ ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးထဲက ကဗျာလေးနှစ်ပုဒ်ပါ။



မီးပုံးပျံ

အပူပြင်းမှ၊ အမြင့်ပျံ
မှိုင်းမိနေမှ၊ လေဟုန်စီး။

ကိုယ်ပိုင်စွမ်းအား
ဘာမျှမရှိ။

မီးငြိမ်း မှိုင်းကုန်
မော့ကြည့်နေရုံမှ တစ်ပါး၊
သူ ..ဘယ်ရောက်သွားသလဲ
သိချင်ရင် ...၊

မြေပြင်ပေါ်ကသာ
စောင့်ကြည့်နေပါ ..မိတ်ဆွေ .....။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)

ဒီကဗျာလေးကတော့ ဆရာမောင်လှမျိုး ရဲ့ မွေးနေ့အမှတ်တရအနေနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “အလွမ်းပြေငြိမ်းရေး...စာချုပ်”ဆိုတဲ့ ကဗျာစာအုပ်လေးထဲဖြစ်ပါတယ်။

ဝီရမြစ်များ

ကျွန်တော်တို့ဟာ
ကျွန်တော်တို့ အတွေးတွေနဲ့
နွေးထွေးနေကြတယ်။

ကျွန်တော်တို့ဟာ
ကျွန်တော်တို့ အကြည့်တွေနဲ့
သိရှိနေကြတယ်။

ကျွန်တော်တို့ဟာ
ကျွန်တော်တို့ နှလုံးသွေးတွေနဲ့
ပေးဆပ်နေကြတယ်။

ကျွန်တော်တို့ဟာ
ကျွန်တော်တို့ ခြေထောက်တွေနဲ့
လမ်းဖောက်နေကြတယ်။

တကယ်ပါ...........။
ကျွန်တော်တို့ဟာ ရေသေမဟုတ်ပေမယ့်
သစ္စာအတ္ထုပ္မတ္တိကို ဖန်ဆင်း
ရဲရင့်ခြင်းနဲ့ ထုဆစ်
ဘယ်တော့မှ
မသေဆုံးတဲ့ မြစ်တွေဖြစ်တယ်...။
(ဆောင်းဖြူ)


လောကရုပ်သေး

ကံကြမ္မာရန်စလို့
ပြန်ချမယ် အလုပ်...

ကိုယ့်ဘ၀ ကိုယ်မပိုင်
ခွေကာယိုင် အခြေညံ့သည်မို့
လန့်ပြီးနောက်ဆုတ်။
(ဆောင်းဖြူ)

ဒီကဗျာလေးနှစ်ပုဒ်ကလဲ ဆောင်းဖြူ ရဲ့ “ကဗျာ”ဆိုတဲ့ စာအုပ်လေးထဲကပါ..။

2 ယောက်မှတ်ချက်ပြု:

ညလင်းအိမ် said...

ကဗျာတွေ ကောင်းတယ် ...
ဆရာဆရာမ တို့အတွက် အမှတ်တရ တင်ပေးတာ ကျေးဇူး..

Anonymous said...

တကယ် အမှတ်တရပါ ပဲ အမ ရေ ........