ကဗျာဆိုတာ......
နှလုံးသားထဲမှာ စုန်ဆန်စီးဆင်းလာတဲ့
သွေး သမုဒ္ဒရာ...............။
ဝါသနာအရင်းခံ ရင်ဘတ်နှင့်ရင်းလို့
ခုန်ပေါက်ထွက်ကျလာတဲ့
ပျိုမြစ်နုနယ်တဲ့ သံစဉ်ချိုချိုတွေ...
ဘယ်တော့မှ မအိုမင်း မသေဆုံးနိုင်တဲ့
ငါတို့ချစ်တဲ့ ကဗျာတွေ။
(နှိုင်း)
၂၀၁၀ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ တွင်ကျရောက်သော “ကမ္ဘာ့ကဗျာများနေ့” အတွက်ကမ္ဘာတစ်ဝှမ်းနှင့် တစ်နိုင်ငံလုံးတွင်ရှိသော ကဗျာဆရာ/မ များအား လေးစားသောအားဖြင့်“ အမှတ်တရဂုဏ်ပြု”ရေးဖွဲ့ခြင်းနှင့် အတူ ဆရာကောင်းသန့်၊ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)၊ အမ ဆုမြတ်မွန်မွန်၊ အထူးသဖြင့် ဒီနေ့လေးကို သိရှိခွင့်နှင့်ရှင်းပြပေးခဲ့သော မီးအိမ်ရှင်စာအုပ်တိုက်မှ “ဆရာမ ဒေါက်တာနိုက်တင်ဂေးလ်” တို့ကိုလည်း ကျေးဇူး အထူး တင်ရှိလျှက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို သမီး ဤကဗျာလေးနှင့် ဂါရ၀ပြုအပ်ပါ သည်။


(အနှိုင်းမဲ့)
(မှတ်ချက်။ ။ မြန်မာပြည်မှာတော့ ဒီနေ့ကို ကမ္ဘာ့ကဗျာများနေ့အဖြစ် အစိုးရက အသိအမှတ် မပြုသေးပါဘူး ။ အခြားတိုင်းပြည်က အသိမှတ်ပြုခြင်းကိုပဲ မြန်မာပြည်က ကဗျာချစ်သူတွေအနေနဲ့ အမှတ်တရလေး အဖြစ်နဲ့သာ အသိမှတ်ပြုခြင်းဖြစ်ပါတယ်။ ဥပမာ- ချစ်သူများနေ့လိုပေါ့..မြန်မာပြည်က အသိမှတ်ပြုထားတဲ့ နေ့တစ်နေ့ မဟုတ်ပေမယ့်လဲ ချစ်သူ စုံတွဲတွေတိုင်းက “ Valentine Day ”ဆိုပြီး အသိမှတ်ပြုကြတယ်.......အခုလဲ
အဲဒီလိုပါပဲ ကမ္ဘာ့ကဗျာများနေ့ကို ဘယ်သူအသိမှတ်ပြုပြု မပြုပြု..ကဗျာချစ်သူတွေအနေနဲ့ကတော့ March 21, ကို “ National Poetry Day ” အဖြစ် အမှတ်တရ အသိမှတ်ပြုနေကြပါပြီ။)
အဲဒီလိုပါပဲ ကမ္ဘာ့ကဗျာများနေ့ကို ဘယ်သူအသိမှတ်ပြုပြု မပြုပြု..ကဗျာချစ်သူတွေအနေနဲ့ကတော့ March 21, ကို “ National Poetry Day ” အဖြစ် အမှတ်တရ အသိမှတ်ပြုနေကြပါပြီ။)
6 ယောက်မှတ်ချက်ပြု:
အခုမှ သိတယ် ........ ကျေးဇူး ကမ္ဘာပါ မနှိုင်း ရေ .................
အယ် မသိဘူး မမ ပြောမှပဲ သိတယ်နော်
သမီးက ကဗျာ အခြေခံလဲမရှိဘူးလေ သူများတွေ ရေးတာတော့ လိုက်ဖတ်တတ်တယ် တခါတလေလဲ နားလည်တယ် တခါတလေလဲ နားမလည်ဘူးလေ ဟီးးး နားမလည်ရင် နားမလည်ဘူး သွားသွားပြောတာ အမှန်တော့မကောင်းဘူးနော် ရေးတဲ့လူကို စော်ကားရာရောက်တယ် အမှန်တော့ သမီးက တကယ့်ကို ဘေ့စ်မရှိလို့ပါ အဟီးးးးးးးးးးးးးးး
အခု မမ ရေးထားတာတော့ နားလည်တယ် နော် သိလား
အမ ရေးထားတဲ့ ကဗျာလေးကလဲ ပြည့်စုံတယ်ဗျာ
ရန်ကုန်မှာ ကဗျာ ရွတ်ပွဲတောင် ကျင်းပတာ ကျွန်တော် မအားလို့ မသွားဖြစ်လိုက်ဘူးဗျာ
အရမ်းသွားချင်တား(
နှိုင်းရေ..သိပ်ကောင်းတဲ့ မျှဝေမှုလေးပါပဲ။
နှိုင်းရေးတဲ့ ကဗျာလေး သိပ်ကောင်းတာပဲ ကြိုက်တယ်..။
ကဗျာဆိုတာ နှလုံးသားက ပေါ်ထွက်လာတဲ့ မျက်ရည်စက်တွေ သွေးစက်တွေ အို အစုံပါပဲကွယ်..။ သိပ်ချစ်စရာကောင်းတယ်။
ကဗျာနေ့လေးဆိုတာ ရှိသင့်တယ်နော်..
ချစ်စရာ ကောင်းတဲ့ နေ့လေးအဖြစ် ပေါ်ပေါက်လာမှာ မြင်ယောင်မိတယ်။
နှိုင်းရေ.. မွန်လင့် ပြောင်းသွားပြီးကွယ်..။
ပြောင်းချိပ်လိုက်ပါအုံးနော်..
ချစ်တဲ့
မွန်
ကဗျာဆိုတာ .. ဂွတ်တယ် ...
လူတိုင်းအသိအမှတ် ပြုစရာ မလိုပါဘူး ...
ကဗျာချစ်သူတွေ အသိအမှတ်ပြုရင် တော်ပါပြီ ..
တစ်နေ့တော့ မြန်မာပြည်က ကမ္ဘာ့ကဗျာများနေ့ ဆိုပြီး အသိအမှတ်ပြုလာနိုင်မှာပါ...၊
ကဗျာဆိုတာ
စိတ်ရဲ့ ထွက်ပေါက်၊
စိတ်ရဲ့ဖြေဆေး၊
စိတ်ရဲ့ကိုယ်ပွား၊
ခံစားချက်ရဲ့ ရင်ဖွင့်ရာ ဖြစ်နေလို့ပါပဲ....
ZaunG
Post a Comment