အိမ်အပြန်လမ်း
ခေါင်းငိုက်စိုက်ချ
ခါတိုင်းထက် ပိုခြောက်သွေ့နေလို့
လမ်းမတလျှောက်....သင်းပျံ့တဲ့ ညမွှေးပန်းတစ်ချိုက
ငါ့အလွမ်းတွေကိုပိုလို့ ဖြည့်ဆည်းပေးကြတယ်..
ဖြတ်သန်းခဲ့တဲ့ ညတွေတိုင်းလို
ကောင်းကင် ကိုလဲမော့မကြည့်မိတော့..
ESSE Menthol တစ်လိပ်က
ငါ့နှလုံးသားကို
သနားသောအားဖြင့် ....
နှစ်သိမ့်ပေးတယ်ထင်ပါရဲ့ ...
ဘာတွေကို ခံစားနေလဲ...
ရစ်ဝဲလာတဲ့မျက်ရည်တစ်ချို့နဲ့
ချစ်..သူ..ရယ်
ရွာတော့မလို အုံ့မှိုင်းနေတဲ့
ငါ့မျက်နှာကို
မင်းတစ်ယောက်
မြင်စေချင်တယ်.....။
အနားမှာ လိပ်ပြာလေးရောက်မလာတော့တဲ့အခါ....
-
ခုရက်ပိုင်း စိတ်ပျော်မနေဘူး.....။ ဝမ်းနည်းသလိုလို ဘာလိုလိုတွေဖြစ် တခါတလေ
မျက်ရည်တွေ ပိုးပိုပေါက်ပေါက်ကျတဲ့အထိငိုသေး ကျန်းမာရေးကြောင့်လည်းပါတယ်..။
ခြေလ...
2 weeks ago




0 ယောက်မှတ်ချက်ပြု:
Post a Comment