ငါ့နောက်ကျောမှာ ဓားတန်းလန်းနဲ့
ငါသိပါတယ်..မင်းထိုးခဲ့တာ
့အထူးခြားဆုံး မျက်လှည့်ပွဲက
ဓားပေါက်ဆရာလို
လှပခဲ့တဲ့ ဓားချက်တွေနဲ့
ပြုံးပြုံးလေးပဲ သရုပ်ပြခဲ့တဲ့..မင်း
သေချာပါတယ်..
လှည့်မကြည့်နဲ့တော့နော်...
မီးတောက်နေတဲ့အကြည့်တွေနဲ့လေ..
မင်းထိုးတဲ့ ဓား...............
ငါ့နောက်ကျောမှာသွေးစိမ်းစက်လက်
မြင်လို့မကောင်းအောင်ရှိနေပါတယ်
စိတ်ချလိုက်........
စိတ်ချပါ...........ချစ်သူ
ငါမငိုပါဘူး.......
ငါ့ရဲ့ ငိုရှိုက်သံနဲ့တောင်မင်းထိုးခဲ့ ဓား
မြေပေါ်ခခြင်းမရှိစေရပါဘူးကွယ်..
အသည်းနှလုံးပြန်တမ်း.....
-
တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို
ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။
ကျနော်ရှာနေတဲ...
2 weeks ago




0 ယောက်မှတ်ချက်ပြု:
Post a Comment