ချစ်ခဲ့တယ်..မြတ်နိုးလွန်းခဲ့တယ်...
သာယာခဲ့မိတယ်..လွမ်းဆွတ်တမ်းတမိတယ်...
တုံပြန်မှုဆိုတာကို ကိုယ်မမျှော်လင့်ရဲပါဘူး` ´ရယ်။
မြင်နေရုံလေးနဲ့ပဲ ချစ်ခွင့် ရချင်မိပါတယ်..။
မင်းသိလား....ချစ်သူ !!!!!
ကိုယ်မင်းကိုဘယ်လောက်ချစ်တယ်ဆိုတာလေ..
ကြည်လင်နေတဲ့မင်းရဲ့ဆွဲဆောင်နိုင်လွန်းတဲ့...
အပြုံးလေးတွေကို ကိုယ့်အိမ်မက်တွေထဲထိ ယူဆောင်ခွင့်ရချင်နေမိသလို...
ချိုသာတဲ့ မင်းရဲ့တီတီတာတာ အသံလေးတစ်ချို့ကိုလဲ ကိုယ်ယူဆောင်ခွင့်ရချင်နေမိပြန်တယ်။
ကိုယ်လောဘကြီးလွန်းသွားပြီလားဟင် .......???
ခွင့်ပြုပါ....ချစ်သူရယ်
တကယ်တော့ ကိုယ်ဟာ မင်းရဲ့လက်ဖ၀ါးနုနုလေးတွေကို...
ကိုယ်ရဲ့ကြမ်းတမ်းတဲ့လက်တစ်စုံနဲ့မတော်တဆတောင်မထိရက်ခဲ့သလို..
ပန်းနုရောင်ပါးပြင်လေးကိုလဲအတွေးလေးနဲ့တောင် မနမ်းရှိုက်ရက်ခဲ့တဲ့သူပါ....။
အခု ကိုယ့်ရဲရင်ထဲမှာလေ .....
မင်းနဲ့ပတ်သတ်လို့ ကြေကွဲနေတာလား...
ငိုကြွေးချင်နေမိတာလား....
လွမ်းဆွတ်နေတာလား...
ကြောက်ရွံ့နေတာလား...
မျှော်လင့်နေတာလား....
ကိုယ်မသိတော့ပါဘူး....ချစ်သူရယ်။
ဒါပေမယ့်.....
ကိုယ်သိတာ တစ်ခုတော့ရှိနေတယ်..။
ကိုယ် မင်း ကို အ ရမ်း ချစ် လွန်း နေ တယ် ....။
အသည်းနှလုံးပြန်တမ်း.....
-
တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို
ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။
ကျနော်ရှာနေတဲ...
2 weeks ago




0 ယောက်မှတ်ချက်ပြု:
Post a Comment