မေမေ ကျန်းမာပျော်ရွှင်ပါစေ.......။
ဒီနေ့ သူများတွေ အမေများနေ့အတွက် အားလုံးအမှတ်တရတစ်ခုစီတင်ကြမယ်ဆိုတာ သိနေတယ်..။
နှိုင်းလဲ ဒီနေ့အတွက် အမှတ်တရ ကဗျာလေးတစ်ပုဒ်တင်ချင်ပေမယ့်...ဒီနေ့ညနေ ဆေးခန်းသွားရတယ်လေ..။
နှလုံးအတွက် ECG ရိုက်ရတယ်..နောက်ပြီး ဓာတ်မှန်ရိုက်ရတယ်..အဆိုးဆုံးကတော့ သွေးဖောက်စစ်ရတယ်။
ယူလိုက်တဲ့ သွေးများနဲနဲနောနောမဟုတ်ဘူး.. :( သွေးဖောက်မယ်လုပ်တော့ ကြောက်ကြောက်နဲ့ ရုန်းလိုက်တာ အပ်ကျိုးသွားတယ်..ဟင့် :( အဲဒါကြောင့် ညာဘက်လက်ကတော်တော်အောင့်နေတော့ ဒီနေ့အတွက် ကဗျာတင်ဖို့အခွင့်ရေးမရှိတော့ဘူး...အခုတောင် လက်နာနေရင်းနဲ့ မေမေ့အတွက် ဘလော့မှာ ဆုတောင်းပေး ချင်လို့တင်လိုက်တာ..။သူငယ်ချင်းတို့ဆီကိုလဲ အလည်မလာနိုင်သေးတဲ့အတွက် ဆောတီးပါနော်....။
5 ယောက်မှတ်ချက်ပြု:
ဟယ် နှိုင်းရယ် ဖြစ်ရလေ..
နှိုင်းရေ..နှလုံးကို ဂရုစိုက်ပါကွယ်။
ကျန်းမာရေးကို အထူး ဂရုစိုက်နော် နှိုင်း။
နှိုင်းမြန်မြန်ကျန်းမာပါစေ။
ရောက်ခဲ့ပြန်ပြီ
“အမေများနေ့”..တဲ့လေ
အမေလွမ်းကဗျာ..
အမေလွမ်းစာတွေ...
ပလူပျံနေတဲ့..“ဒီနေ့”
လွမ်းတယ် အမေ...
ရယူခြင်းဆိုတာ ...အမေ မသိ
ပေးဆပ်ခြင်းအတိကိုသာပိုင်ဆိုင်သည့်
တုနှိုင်းစရာမရှိတဲ့
“မာတာ အမိ”
နှိုင်း မေမေ ကျန်းမာပျော်ရွှင်ပါစေ ....။
နှိုင်း လည်းကျန်းမာပါစေဗျာ ....။
ဒါနဲ့ ကလေးလည်း မဟုတ်ဘူး သွေးဖောက်မှာ ကြောက်ရလောက်အောင် ... အဟီး .. စတာ ...း)
ညလင်းအိမ်
မ နှိုင်းရေ ကျန်းမာရေး ဂရုစိုက်နော်
အမြန်ဆုံးနေကာင်းပါစေ လို့ ဆန္ဒ ပြုတယ်
ကျန်းမာရေး ဂရုစိုက်ပါသူငယ်ချင်းရယ်....။
နင့်ဘ၀မှာ...နင့်အမေ ပြီးရင်...နင်ကိုယ့်နင်ပဲ ဂရုစိုက်ပါ...ကျန်တဲ့သူတွေက နင့်ကိုထမင်းကျွေးထားတာ မဟုတ်ဘူးလေ...နင်ကို အဖြူအမဲ ခွဲခြားသိစေချင်တယ်...နင်အမှောင်ထဲက ထွက်ခဲ့ပါတော့... ဘာကြောင့်အလင်းကိုကြောက်နေသလဲ...
နင်လိုအပ်ရင် ငါအမြဲရှိနေမှာပါ....။
ဟန်နီလေး
Post a Comment