မိုး…
တမ်းတချိန်တိုင်း ခံစားရလို့
နာကျင်ခြင်းတို့ခေတ္တမေ့ပြီး
မိုးသည်းထဲလျှောက်သွားမိတိုင်း
တစ်ယောက်တည်းအဖော်မဲ့နေဆဲပါပဲ…
မိုး…
နာကျင်စွာ အော်ဟစ်လို့
ကြေကွဲသွားတဲ့ ငါ့နှလုံးသားတစ်စုံကို
တစ်စဆီပြန်ကောက်ရင်း
တဖွဖွမြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါ
မိုးသည်းထဲမှာပါ…
မိုး………
တစ်ယောက်တစ်နေရာဆီ
ဝေးလွင့်လို့ကြွေနေရပေမဲ့
ငါ့မျက်ဝန်းထဲက မျက်ရည်စတို့
ပျိုကြချိန်တိုင်း မိုးနာမည်တဖွဖွ
ငါ့ရင်မှာတမ်းတနေဆဲပါပဲ…
အခုတော့ နေညိုချိန်တိုင်း
အပြာရောင်ကောင်းကင်ကြီးအောက်မှာ
တစ်ချိန်က မိုးသည်းတဲ့နေ့လေးကို
တမ်းတရင်း မိုးစွန့်သွားတဲ့ နေ့ရက်မှစ
ဒီနေ့အချိန်ထိ မိုးရယ်…..
ဘယ်ဆီမှာလဲကွယ်… (ဂျုး)
ကဗျာလေးကို နှစ်သက်လွန်းလို့သာတင်လိုက်တာ..တကယ်တော့ နှိုင်းက မိုးကိုမုန်းတယ်လေ... :)
အသည်းနှလုံးပြန်တမ်း.....
-
တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို
ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။
ကျနော်ရှာနေတဲ...
2 weeks ago




1 ယောက်မှတ်ချက်ပြု:
“မိုးအတွက်”ဆိုတဲ့ မိုးကဗျာလေးကို တင်တဲ့ မိုးကိုမုန်းတဲ့ မယ်နှိုင်းရေ... မိုးကိုချစ်တဲ့ မိုးငွေ့က မိုးအတွက် မိုးကဗျာလေး လာဖတ်သွားပါတယ်...
ခင်တဲ့
မိုးငွေ့
Post a Comment