ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ…
အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ…
ပျားရည်တစ်စက်နှင့်
ဝမ်းပျက်စေခဲ့သူ…
တကယ့်တကယ် တွယ်တာသနား
လားလား မဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုန်မဝင် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေးတစ်ခုပါပဲ…
မောင်စိန်ဝင် (ပုတီးကုန်း)
Exes I Loved.....
-
ပိုပိုရဲ့သီချင်းကို ကျနော် 2014 မှာစနားထောင်ဖြစ်တယ်...။ အဲတုန်းက တက်သစ်စ
အဆိုတော်လေး အခုဆို ချစ်ဖူးခဲ့သမျှ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ကနေစတွက်ရင်
သူ့အနုပည...
6 days ago




0 ယောက်မှတ်ချက်ပြု:
Post a Comment