တံခါးလေးမှားခေါက်ခဲ့မိတယ်
အိပ်ရေးပျက်သွားရင်ခွင့်လွှတ်ပါ
ကြိုးတွေလည်းဖြည်ချလိုက်ပါပြီ
ဒီတိုင်ကထွက်သွားခွင့်ပြုပါတော့
လာခဲ့တုန်းကအတိုင်းပါပဲ
လက်ထဲမှာဘာမှယူဆောင်မသွားခဲ့ပါဘူး
ကျွန်တော်ရောက်ခဲ့တယ်ဆိုတာ
ခင်ဗျားရဲ့ဧည့်မှတ်တမ်းက ဖျက်ပစ်လို့ ရပါပြီ
ကဗျာလည်းမဆန်ခဲ့ပါဘူး
ဂန္တ၀င်လည်းမတွင်ခဲ့ပါဘူး
ရင်ခုန်ခဲ့တယ်ဆိုတာလည်း
ခင်ဗျားစိတ်ကစားမိလို့ ဖြစ်မှာပါ
ဗျာ……….
အချစ်ဆိုတာလား
သြော်……..
ကျွန်တော်တို့ နှစ်ခြံကျော်က မာလီပေါ့ဗျာ
ခင်ဗျားသိလည်းအပိုပါပဲ
ကျွန်တော်အတင်းပြောရတာ ၀ါသနာမပါဘူး
ဖြည်းဖြည်းလည်းမပြောချင်တော့ပါဘူး
(သြော်……..ဟုတ်ပါတယ်ခင်ဗျာ)
ကျွန်တော်တံခါးလေးမှားခေါက်ခဲ့မိပါတယ်
အိပ်ရေးပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ……………………….။ ။
(မိုးထက်အောင်)
2 ယောက်မှတ်ချက်ပြု:
ခွင့်လွတ်တယ်နော်...:P:P
ခံစားအားပေးလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။
သြော်..
ရပါတယ်..
ပြန်အိပ်ယုံပဲပေါ့...
ဒါနဲ့ အမောပြေ အအေးလေး သောက်သွားပါအုံးလား။
ရောက်ပြီးမှတော့ မိတ်ဖြစ်ဆွေဖြစ်ပေါ့..။
နာမည်လေး ဘယ်လိုခေါ်သလဲ..။
ဟီးးးးးးးးးးးးးးးးးးးးးးးးးးး
:P
Post a Comment