Pages

Saturday, April 09, 2011

ရင်ထဲက သင်္ကြန်


ပိတောက်ကိုမကြိုက်ပေမယ့်
သင်္ကြန်ကိုမျှော်
ဝေခွဲရခက်တယ်နော်

နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်း

မပြောင်းလဲနိုင်သေးတာ
အချစ်ဟောင်းအပေါ်

အားနာပါတယ်
...သင်္ကြန်မိုးရယ်
ဒီနှစ်လဲ...
နှလုံးသား အသစ်နဲ့
မင်းကိုငါ
မကြိုဆိုနိုင်ပြန်ဘူး...


(နှိုင်း)

ဒီကဗျာကိုတင်ရင်ကောင်းမလား...မကောင်းဘူးလားဆိုပြီး အကြာကြီးစဉ်းစားနေရသေးတယ်...
နောက်တော့လဲ သင်္ကြန်အတွက် အမှတ်တရအနေနဲ့ပဲလေ ဆိုပြီးတင်လိုက်တာ... တင်သာတင်လိုက်ရတယ်...မျက်ခုံးခပ်လှုပ်လှုပ်ပဲ..အဟီးး :D

7 ယောက်မှတ်ချက်ပြု:

Angelhlaing(May everybody be happy and healthy! said...

သင်္ကြန်အမှတ်တရ ကဗျာလေး ခံစား အားပေးသွားလျှက် ကောင်းသောနေ့လေးဖြစ်ပါစေ။

Qu Te kitchen said...

အဟီးးးးး
ကောင်းတယ်လို့ ထင်တာပဲ ..
ဟဲဟဲ

အဖြူရောင်နတ်သမီး said...

ကျမ ပြန်ပြီး မတမ်းတချင်တော့တဲ့...သင်္ကြန်
ကျမ ပြန်ပြီး မလွမ်းချင်တော့တဲ့....သင်္ကြန်
ကျမ ပြန်ပြီး သတိမရချင်တော့တဲ့...သင်္ကြန်

“သင်္ကြန်” ...တဲ့လား....
“ဧပရယ်”...တဲ့လား...
“ပိတောက်”...တဲ့လား...
မပြောပါနဲ့....မပြောပါနဲ့တော့....
ကျမရှေ့မှာ သင်္ကြန်အကြောင်း မပြောကြပါနဲ့တော့.......



“သင်္ကြန်”... ဆိုတာ...
ကျမအတွက်တော့ ကြေကွဲခြင်းတွေစုပုံထားတဲ့ မျက်ရည်သင်္ချိုင်းတစ်ခုပါပဲ...

Mamoonn said...

သပြေခက်လေးနဲ့ ရေလာပက်ပါတယ် နှိုင်းရေ..
ပျော်ရွင်ဖွယ် နှစ်သစ် ဖြစ်ပါစေ..။

. said...

ရောက်တယ် မနှိုင်းရေ ....

ကဗျာလာဖတ်တာ .. .

မတွေ့မိတာတော့အတော်ကြာပေါ့ :)

အနှိုင်းမဲ့ said...

အယ်..သရဲလာခြောက်တာထင်တယ်း)
ဒီလောက်တောင်အကြာကြီး ဘယ်ပျောက်နေရတာတုန်း

စံပယ်ချို said...

ပြီးဆုံးသွားတဲ့ရေသဘင်ပွဲလေးကို
ဒီကဗျာလေးဖတ်ပြီးပြန်လည်ခံစာသွားပါတယ်