နတ်သမီးချော့တေး
(မငိုနဲ့  ……… တိတ်)
နတ်သမီးအငိုတိတ်အောင် အရိပ်အယောင်ပြမယ့်လမင်း
ဒီကမ္ဘာမှာ လင်းချင်းနေပါရစေ
ခုနှစ်စဉ်အလွမ်းနဲ့  ပန်းဆက်ခွင့်ပေးပါ
(နတ်သမီးမျက်စောင်း……….)
အကြောင်းသုံးပါးမရွေးမှန်း ကျွန်တော်မျိုးသိပါရဲ့
နွေတစ်ရာ မိုးတစ်ရာ
ခင်းဗျားလေးရဲ့ စောင်းသံမှာ
ဓါးခတ်သံတွေမြည်နေခဲ့တာ ကျွန်တော့်ကမ္ဘာကကြားရတယ်
(အဝေးကတေးသံ…………)
နတ်သမီးအမုန်းမှာ ပြုံးပြနိုင်တဲ့သူတော်တော်ရှားပါတယ်
ခင်ဗျားအသိ ကျွန်တော်အသိ ဒီရင်ဘတ်အသိ
(နတ်သမီးချော့တေး……….)
တစ်ကမ္ဘာလုံးကြားပါစေ
ကျွန်တော်ရဲ့ဆုတောင်း………..
………………………………………………………………….
ခင်ဗျားမုန်းတဲ့တေးသွားမှာ……….
………ပျံ့ ……
လွင့်……
ပါ…….
စေ………
သား……..
2 ယောက်မှတ်ချက်ပြု:
နတ်သမီးပါရင် ကြိုက်ပြီးသားပဲ....။ မယ်ပိန့်လက်ရာမှတ်လို့ အပြေးလာဖတ်တာ...။ ကဗျာတွေရေးဦး...း) ခံစားချက်တွေကို နှိုးလိုက်ပါ...။ ကုန်ကြမ်းကူရှာပေးရမလား....ကိုယ့်မှာတော့ ကုန်ကြမ်းတွေပေါလွန်းလို့ သတ်ပစ်နေရတယ်..။
တစ်ရက်လောက်ဆုံမယ်..ဘီယာအတူသောက်ရအောင်....မင်းနဲ့ အသည်းလေးက ဘီယာသောက် ကိုယ်က အမြည်းစားမယ်...အိုကေ...
နတ်သမီးချော့တေး..
နတ်သမီးလာနားထောင်သွားပါတယ်နှိုင်းရေ...
Post a Comment