
အိမ်မက် မက်တယ် နတ်သမီးရယ်
မျက်တောင်တွေမှေးစင်းသွားတဲ့တစ်ခဏ
ငါ့အနားကို နတ်သမီးရောက်လာတယ်
နွေးထွေးတဲ့လက်တစ်စုံနဲ့ ငါ့ရဲ့လက်တွေကိုဆုပ်ကိုင်ထားတဲ့
မင်းရဲ့လက်ဖ၀ါးနုနုလေးတွေမှာ ငါ့အတွက်
မျှော်လင့်ခြင်းတွေများပါနေရော့သလား
အိမ်မက်တွေနုပျိုလှပအောင်
ဖန်ဆင်းပေးသွားတဲ့ နတ်သမီးရေ
တကယ်ဆို....ငါ့အတွက် မနိုးထခြင်းတွေကိုပါ
တစ်ပါတည်း ဖန်ဆင်းပေးခဲ့သင့်တယ်
အခုတော့....မင်းရဲ့အကြည့်တစ်ချက်နဲ့တင်
ငါ့အိမ်မက်တွေ ကောင်းကောင်း
မလန်းဆန်းခဲ့ဘူး....။
(နှိုင်း) 22-8-2011
မျက်တောင်တွေမှေးစင်းသွားတဲ့တစ်
ငါ့အနားကို နတ်သမီးရောက်လာတယ်
နွေးထွေးတဲ့လက်တစ်စုံနဲ့ ငါ့ရဲ့လက်တွေကိုဆုပ်ကိုင်ထားတဲ့
မင်းရဲ့လက်ဖ၀ါးနုနုလေးတွေမှာ ငါ့အတွက်
မျှော်လင့်ခြင်းတွေများပါနေရော့
အိမ်မက်တွေနုပျိုလှပအောင်
ဖန်ဆင်းပေးသွားတဲ့ နတ်သမီးရေ
တကယ်ဆို....ငါ့အတွက် မနိုးထခြင်းတွေကိုပါ
တစ်ပါတည်း ဖန်ဆင်းပေးခဲ့သင့်တယ်
အခုတော့....မင်းရဲ့အကြည့်တစ်ချက်နဲ့
ငါ့အိမ်မက်တွေ ကောင်းကောင်း
မလန်းဆန်းခဲ့ဘူး....။

7 ယောက်မှတ်ချက်ပြု:
အကြည့်တစ်ချက်နဲ့တင် အိပ်မက်က ကောင်းကောင်း မလန်းဆန်းဘူးဆိုရင် တကယ်လို့ အကြည့်နှစ်ချက်ဆိုရင်တော့ မလွယ်ဘူး ထင်တယ်နော့။
း)) စတာပါ။
အိပ်မက်တွေ မြန်မြန်လန်းဆန်းနိုင်ပါစေ။
ခင်မင်လျက်
ဟဟ..ဟုတ်တယ် ကိုကိုမောင်ရေ
အကြည့်နှစ်ချက်ဆိုရင်တော့..လွယ်ဘူးးးး :)
တကယ်ဆို....ငါ့အတွက် မနိုးထခြင်းတွေကိုပါ
တစ်ပါတည်း ဖန်ဆင်းပေးခဲ့သင့်တယ်
ဘာတုန်းကွဲ အဲဒါကြီးက ဘာမီတွန် တိုက်သွားခိုင်းတာလားး)))))
သိပ်လှတဲ့ ကဗျား)
ဟီးဟီး..ဟုတ်တယ်
ဘာမီတွန်နဲ့ ထန်းလျက်နဲ့ :P
မလန်းရင် red bull တိုက်မယ်
ဘာမှတ်
ခင်တဲ့
မဒိုးကန်
ကဗျာလာဖတ်ပါသည်
အိပ်မက်လာပေးတာ..း)
Post a Comment