Pages

Wednesday, March 06, 2013

မာယာနဲ့ ကဗျာ



သိပါတယ်
မစာမနာ မာယာတွေအကြောင်း
မီးစိမ်းစိမ်းနောက်ကွယ်က
သကာရည်ဆမ်းထားတဲ့ စကားလုံးတွေနဲ့
ခပ်ထေ့ထေ့အပြုံးတွေရှိနေမယ်ဆိုတာ....။


သိပါတယ်
အသုံးတော်ခံ...အဖြည့်တော်ခံ နှလုံးသားတစ်စုံ
ကျိန်စာတိုက် လက်ဆောင်ပေးထားတာကို...။

သိပါတယ်.....
လမ်းတွေ့ပြုံးပြ နူတ်ဆက်ရမှာ
ကမ္ဘာပျက်မတတ်ကြောက်တတ်သူဆိုတာ....။


အဲဒီ
မစာမနာ မာယာတွေ
လက်တဆစ်စာသာ ကျန်တော့မယ်ဆိုရင်
ငါ့ကိုပေးပါ
ကဗျာတွေအတွက် မာယာတွေရှိနေမှ
မင်းအပြုံးတွေ လှ နေ မယ် မ ဟုတ် လား ...။

(နှိုင်း) 11:25 am (7.3.13)


2 ယောက်မှတ်ချက်ပြု:

မိုးနတ်ကြယ်စင် said...

မာယာ နဲ့ ကဗျာ
ခေါင်းစဉ်လေးက အမှတ်တမဲ့ကြည့်ရင်
ရိုးသလိုလိုနဲ့ ဆန်းလိုက်တာလို့
တွေးမိတုန်း ကဗျာကို ဖတ်ကြည့်တော့
တကယ့်အနှစ်တခုကို သွားတွေ့တယ်....
ဘာလဲ...
ကဗျာတွေအတွက် မာယာတွေရှိမှ
မင်းအပြုံးတွေလှနေမယ် ဆိုတာကိုလေ...
အဲ့နားလေး သိပ်သဘောကျမိတယ် :)))
ဆက်လက်ထုဆစ်နိုင်ပါစေ...
ခင်မင်တဲ့...မိုးနတ်

Cameron said...

လက်တဆစ်မဟုတ်ဘူး အများကြီးရှိတယ် ပေးမယ်..အဟဲး