နာကျင်အောင်မလုပ်ပါနဲ့ချစ်သူ...
ငါရေးခဲ့တဲ့ကဗျာတွေတိုင်းက..
မင်းတစ်ယောက်ထဲအတွက်ပါ..
ငါမဟုတ်သော တစ်ပါးသူအတွက်
ငါ့ရင်နှင့်ရင်းလို့ ရေးစေခဲ့တာ...
ကျေးဇူးပြုပြီး
ငါ့ကိုနားလည်ပေးပါနော်...
မင်းနားလည်နိုင်ပါတယ်...
ငါလိုလူက ....
လေတိုက်လို့သစ်ရွက်လေးကြွေတာတောင်
ကြံဖန်ခံစားတတ်တဲ့သူ...ဆိုတာကိုလေ...
ငါ့ကဗျာတွေတိုင်းက ဖြူစင်ခဲ့ပါတယ်...
ငါ့ကဗျာတွေဖြူစင်ခဲ့သလို
ငါသိပ်ချစ်တဲ့ အပြုံးတုလေးကိုလဲ
ဖြူစင်စေချင်တယ်...
ငါ့ကဗျာတွေကိုချစ်သလို
မင်းကိုလဲ ချစ်တယ်
ငါ့ကဗျာတွေကိုမြတ်နိုးသလောက်
မင်းကိုလဲ ငါ့အသက်နဲ့လုပြီး
မြတ်နိုးခဲ့ဖူးတယ်...ချစ်ခဲ့ဖူးတယ်.....
ချစ်ခဲ့ရတယ်.....ချစ်နေဆဲပဲ.....
ဒါပေမယ့်လဲ..............
မျိုသိပ်ခဲ့တယ် ။ ။
Pisces .....
-
ဒီပို့စ်က မိန်ရာသီခွင် Pisces တွေရဲ့ dark site အမှောင်ဖက်ခြမ်းကို
အသားပေးပြောသွားမှာဖြစ်ပါတယ်...။ ကျနော်ကိုယ်တိုင်လည်း March Pisces
တစ်ယောက်ပါ...။ ရာသ...
8 hours ago




0 ယောက်မှတ်ချက်ပြု:
Post a Comment