Pages

Monday, April 05, 2010

မေ့မရ



အိပ်မပျော်တဲ့ ညတွေတိုင်း “အတွက်”
မင်းနာမည်ကိုတပ်
မင်းကြောင့်ပါရယ်လို့တော့
ကိုယ့်မစွပ်စွဲပါဘူး....
ကိုယ်ကိုတိုင် အမိန့်တွေထုတ်
ကိုယ်မျက်လုံးကို ကိုယ်ထိုးဖောက်လို့
မင်းအတွက် ကဗျာတွေမရေးမိနိုင်မှာ စိုးရိမ်ပါတယ်။

မင်းအမုန်းဒဏ်ကြောင့် အိပ်ပျက်ညဆိုတာလဲ
ကိုယ်သတိမထားမိတာကြာခဲ့ပါပြီ
အသည်းထဲနှလုံးမှာ မင်းကြောင့်ရတဲ့ဒဏ်ရာတွေက
အမာရွတ် ဖြစ်ဖို့ အတွက်တောင်
နှလုံးသားက အချိန်ကြာကြာ အေးစက်ခွင့်မပေးခဲ့ဘူးလေ။

ချစ်သူအတွက်ဆိုရင်
အရာရာပေးဆပ်ချင်နေတဲ့
ကိုယ့်ရဲ့စိတ်က.........
အမြဲတမ်း ရှင်သန်တက်ကြွနေတုန်းပါပဲ။

သေလောက်အောင် နာကျင်ခံစားနေရပေမယ့်လဲ
သေလောက်အောင်ပဲ ချစ်နေသေးတယ်.........။


7 ယောက်မှတ်ချက်ပြု:

ဇောင်း said...

အိပ်မပျော်တဲ့ ညတွေတိုင်း ကဗျာများများရေးနိုင်ပါစေဗျာ... :)

ZaunG

ညလင်းအိမ် said...

ထာဝရ ပျက်သုန်းမသွားမယ့် နှလုံးသားရဲ့ ငိုကြွေးသံတွေပေါ့ ...

Anonymous said...

အိပ်မပျော်တဲ့ ညတွေတိုင်း “အတွက်”
မင်းနာမည်ကိုတပ်
မင်းကြောင့်ပါရယ်လို့တော့
ကိုယ့်မစွပ်စွဲပါဘူး....
ကိုယ်ကိုတိုင် အမိန့်တွေထုတ်
ကိုယ်မျက်လုံးကို ကိုယ်ထိုးဖောက်လို့
မင်းအတွက် ကဗျာတွေမရေးမိနိုင်မှာ စိုးရိမ်ပါတယ်။


အင်း ကျုပ်မှာတော့ ကဗျာရေးဖို့တောင် အားမရှိတော့မယ် မယ်နှိုင်းရေ

Anonymous said...

ပာင့် အင်းးး ........ သေလောက်အောင်လွမ်းတာ ....... :)

ဇော် said...

အယ် .. သူ့ကဗျာလေးလဲ ကောင်းပါတယ်ဗျာ ..
အောက်ဆုံးက အပိုဒ်လေးဆို ပိုတောင် ကောင်းသေးတယ် ..

သေလောက်အောင် နာကျင်ခံစားနေရပေမယ့်လဲ
သေလောက်ပဲ ချစ်နေသေးတယ်.........။


သေလောက်အောင်ပဲ .. ဆိုပြီးဖြစ်မှာနဲ့တူတယ်နော် .. အောင်ဆိုတာလေး မေ့ကျန်သွားတယ်ထင်ပါရဲ့.. ဒါပေမယ့် ကျနော် ဖြည့်ပြီး ဖတ်လိုက်တယ်ဗျ .. သိပ်လှတာပဲ .. =)

ဖိုးဂျယ် said...

ကျွန်တော်တော့ အိပ်မပျော်တဲ့ ညတွေများပေမဲ့ ကဗျာ မရေးနိုင်သေးဘူး မနှိုင်းရေ

အနှိုင်းမဲ့ said...

ဟာ...ဟုတ်တယ်..ဇော်ရေ
နှိုင်းရေးချင်ဇောနဲ့မေ့သွားတယ်..
ကျေးဇူးနော်..