အဲဒီနေ့က..............
နောက်ကျမှရောက်လာခဲ့တဲ့ သူ့ကို နှိုင်းသနားလဲသနားတယ်....။
စိတ်လဲဆိုးတယ်...ဒါပေမယ့် သူတမင်လုပ်တာမဟုတ်မှန်းလဲနှိုင်းသိတယ်..။
ဒါပေမယ့် ရုံးမှာစိတ်ရှုပ်လာတဲ့အရှိန်နဲ့ သူ့ကို စိတ်ကောက်တဲ့အမူယာတော့နဲနဲလုပ်ပြီး
သူပေးလိုက်တဲ့ မွေးနေ့အမှတ်တရ ကဗျာစာအုပ်လေး ကိုယူပြီး ထွက်လာခဲ့တယ်...
အဲဒီလိုဆိုတော့လဲ တစ်ယောက်ထဲကျန်နေခဲ့တဲ့သူ့ကိုသနားမိပြန်ရော..။
သူပေးလိုက်တဲ့ ကဗျာစာအုပ်လေးကို တစ်ယုတစ်ယပိုက်လို့ လေးဖင့်တဲ့ခြေလှမ်းတွေနဲ့ အိမ်ပြန်ရောက်တဲ့
အထိတောင် မစောင့်နိုင်ပဲ..နီးရာမီးရောင်အောက်မှာပဲ ကဗျာစာအုပ်လေးကို အငမ်းမရ ဖွင့်ကြည့်မိတယ်။
စာအုပ်ကလေးကိုဖွင့်ဖွင့်ချင်းပဲ နှိုင်းဝမ်းနည်းလာတယ်။ အဲဒီအချိန် နှိုင်းရဲ့ နှလုံးသားဖျတ်ဖျတ်လူးနေပုံများ
မြင်တွေ့ခွင့် ရမယ်ဆိုရင် ရာဇ၀င်တွင် သွားလောက်မယ် ထင်ပါရဲ့...ကလေးတစ်ယောက်လို ၀မ်းနည်းဝမ်းသာနဲ့
မျက်ရည်တွေကျနေတဲ့ နှိုင်းကို လူတွေက အမျိုးမျိုးသော အကြည့်တွေနဲ့ ကြည့်လို့ပေါ့....။ဂရုမစိုက်ပါဘူးးး..
အဲဒီချိန်မှာ နှိုင်း သိတာတစ်ခုပဲရှိတယ်။
သူ့ကို ပိုချစ်မိသွားခဲ့တယ်ဆိုတာပဲ....။
ချစ်သူ့လက်ဆောင်
နှလုံးသားထက်မှာ ကဗျည်းထိုးလို့
အသက်ရှုသံများ ရပ်တန့်ချိန်ထိ
မြတ်နိုးစွာဖြင့် ရင်ဝယ်ပိုက်၍
ယူဆောင်သွားမည်.....။
နောက်ဆုံး........“ ”အမှာစကားတစ်ချို့ကိုလဲရောက်ရော ဆက်လျှောက်ဖို့အင်အားမရှိတော့လောက်အောင်
ဒူးတွေခွေယိုင်ညွတ်ကျသွားခဲ့ရတယ်..။ ချက်ချင်းပဲအင်တာနက်ဆိုင်တစ်ခုကို နှိုင်းဝင်လိုက်တယ်..
သူတစ်ခုခုတော့ ရေးခဲ့မှာပဲဆိုပြီးတော့ပေါ့ ...ဖွင့်ဖွင့်ချင်းပဲ တက်လာတဲ့ သူရဲ့ offline messages ကို တွေ့ လိုက် ရ
ချိန်မှာတော့ ဘယ်လိုမှချုပ်တီးလို့မရတဲ့ ရှိုက်သံမပါတဲ့ မျိုသိပ်ခြင်းမျက်ရည်တွေ တစ်လိမ့်ချင်း လှိမ့် ဆင်း လာ
လိုက်တာ ...ကြာကြာမျိုသိပ်လို့မရတော့တဲ့ ၀မ်းနည်းဝမ်းသာမှုတွေကြောင့် 09*******ကိုနှိပ်လို့ မျိုသိပ်ထားတဲ့
ရှိုက်သံတွေကိုဖွင့်ချမိတယ်..။ ဖုန်းထဲက ရှိုက်သံသဲ့သဲ့ကြောင့် သူရဲ့နှစ်သိမ့်မှုက ဂရုဏာ
အငွေ့သက်လေးတစ်ခုပါနေတာကို နှိုင်းသိလိုက်တယ်....သူ့ရဲ့ နှစ်သိမ့်မှု အောက်မှာ ကလေးတစ်ယောက်လို
ငြိမ်ငြိမ်လေးနဲ့ နာခံချင်တယ်လေ.. အဲဒီလိုအချိန်လေးမှာ သူ့အသံလေးပျောက်ကွယ်သွားမှာကိုတောင်
အရမ်းစိုးရိမ်နေမိတယ်...နောက်ဆုံး သူနုတ်ဆက်တဲ့ချိန်မှာ နှိုင်းတစ်ခါမှ မကြားဖူးခဲ့တဲ့ သူ့ရဲ့ စကားလေး တစ်ခွန်း
ကြောင့်အံသြမှုတွေများစွာနဲ့ အကျည်းတန်နေတဲ့ အိမ်မက်ဆိုးတွေလဲပျောက်လို့ အိပ်ယာဝင်ကဗျာတွေတောင်
နည်းပါးသွားခဲ့ရတယ်...... အဲဒီညလေးအတွက် သူနုတ်ဆက်နှစ်သိမ့်ခဲ့တဲ့ ဖြူစင်နွေးထွေးတဲ့ စကားလေးတစ်ခွန်း
ကြောင့် နှိုင်းဘ၀ရဲ့ညတွေတိုင်းဟာ လှပသွားခဲ့ရပါတယ်.......။
“ ကဗျာတွေဖတ်ပြီး အိပ်ပျော်အောင်အိပ်လိုက်တော့နော်......” တဲ့။
ဘ၀မှာ အပျော်ဆုံးနဲ့ အနွေးထွေးဆုံးသော ညလေးတစ်ညပါပဲ.......။ အခုဆို သူပြောခဲ့တဲ့အတိုင်းပဲလေ
အိပ်မပျော်တဲ့ညတွေတိုင်းအတွက် အဲဒီကဗျာစာအုပ်လေးက ရင်ခုန်သံနဲ့အနီးကပ်ဆုံးနေရာမှာ မြတ်နိုးစွာ
ပွေ့ပိုက်လို့ အိပ်ပျော်သွားတဲ့ညတွေ ....အိမ်မက်တွေ.....တစ်ခါတစ်ရံမှာ လှပနေတတ်ပြီ။
အမှတ်တရတိုင်းအတွက်
မြတ်နိုးစွာနဲ့ သိမ်းထားမိတဲ့
အကြည့်တွေ...အပြုံးတွေ
အမုန်းတွေ...
ဘာတွေပဲဖြစ်ဖြစ်...
ဘာတွေပဲဖြစ်ဖြစ်ပါ.........။
မင်းအတွက်ဆို
ဘ၀တစ်သက်တာ အတွက်
မေ့ရက်စရာမရှိအောင်
ယူ ဆောင် သွား အုံး မှာ ပါ။
(နှိုင်း)
အသည်းနှလုံးပြန်တမ်း.....
-
တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို
ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။
ကျနော်ရှာနေတဲ...
2 weeks ago




9 ယောက်မှတ်ချက်ပြု:
ဖတ်ရင်း.. ဖတ်ရင်း နဲ့ ကြည်နှူးစရာလေးတွေကို တွေ့ရ၏။ တစ်ချက်တစ်ချက် ဖွဲ့ဆိုလိုက်တဲ့ ကဗျာတိုလေးတွေ တယ် ;)
ZaunG
ကဗျာတွေဖတ်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ပါစေ ...
ကောင်းလိုက်တာ နှိုင်းရယ်။
လှလိုက်တဲ့ စာသားလေးတွေ..
နှိုင်းရေ..ပြောနေကြ စကားလေးပဲ ထပ်ပြောမယ်နော်။
နှိုင်းနဲ့ ခံစားချက်ခြင်းတူတယ် နှိုင်းရဲ့။
နှိုင်းရဲ့လှပ နုရွနေတဲ့ ကဗျာလေးတွေကို ကြိုက်တယ်။
အစဉ်အားပေးနေမယ်နော် နှိုင်း။
အနှိုင်းမဲ့ဆိုတာ မိန်းကလေးလားဟင် .. ဇော်က ယောက်ျားလေးထင်နေတာ .. =)
တကူးတက လာနှုတ်ဆက်တာကို သိပ်ကျေးဇူးတင်ပါတယ်ဗျာ .. ၀မ်းလဲသာပါတယ် ..
ချစ်သူရဲ့ ကဗျာတွေနဲ့ ညယံကို မွှေးပျံ့နိုင်ပါစေ ..
ကဗျာထဲမှာခံစားမှု့တွေကိုတွေ့နေရတယ်..
နှိုင်းရေ..ရေလာလောင်းတယ်ကွယ်..
ဖတ်ရင်း စိတ် ထဲမှာတောင် နင့် ခနဲဖြစ်သွားတယ် ဗျာ
ဖတ်နေရင်း နှင့်ခနဲ ဖြစ်မိတယ် ...........
ရေလောင်းမလို့လာတာပဲ ရေမလောင်းဖြစ်ပဲ ပြန်သွားပြီ
ကဗျာတွေဖတ်ပြီးအိပ်လိုက်တော့တဲ့....
အရမ်းနူးညံတဲ့စကားလေးပါ...
ချစ်သူရေးပေးခဲ့တဲ့ကဗျာလေးတွေဖတ်ပြီး...
အိပ်ရတဲ့ညတွေဟာ...ဘယ်လောက်များကြည်နူး
ဖို့ကောင်းသလဲနော်....
အရမ်းနူးညံတဲ့ကဗျာလေးပါ..နှိုင်းရေ...
Post a Comment