
ဝေးသွားပြီလို့ မယုံနိုင်သေးမယ့်
နီးနေတယ်လို့လဲ မခံစားရပါဘူးးး
ငါတို့က ဘယ်တုန်းကမှ နီးစပ်နိုင်ခဲ့တဲ့
သူတွေမှမဟုတ်တာပဲ...နင်ရယ်။
မျိုးကျော့မြိုင်ကပြောတယ်
သနားတယ်...အားနာတယ်..
ငါဘာလုပ်ရမလဲတဲ့..
သူကတော့ ဖွင့်ထားတဲ့တံခါးတစ်ခုဆီကို
ပေါ့ပေါ့လေးပဲထွက်သွားနိုင်ခဲ့တယ်...။
ငါကတော့ ဒီလိုမဟုတ်ဘူးးး
သနားတယ်..အားနာတယ်
ဘာဆက်လုပ်ရမလဲဆိုတာကိုပဲ
တွေဝေစွာ စဉ်းစားနေမိတယ်.။
ဖွင့်ထားတဲ့တံခါးတစ်ခုဆီကိုလဲ
ငါ.......
အလွယ်တစ်ကူရုန်းမထွက်နိုင်ခဲ့ဘူး
ဘာ့ကြောင့်လဲဆိုတော့....
ငါတစ်ခါမှ မမြင်ဘူးခဲ့တဲ့
သူ့ မျက်ရည်တွေက...
နင်နဲ့ ငါရဲ့ ကြားမှာ စည်းတစ်ခုဖြစ်သွားစေခဲ့လို့ပဲ။
4 ယောက်မှတ်ချက်ပြု:
ငါတစ်ခါမှ မမြင်ဘူးခဲ့တဲ့
သူ့ မျက်ရည်တွေက...
နင်နဲ့ ငါရဲ့ ကြားမှာ စည်းတစ်ခုဖြစ်သွားစေခဲ့လို့ပဲ။
အဲဒီစည်းအောက်မှာ ငါကျပျောက်လို့
အရောက်နောက်ကျနေတဲ့ ရင်ခွင်တံခါးပေါက်မှာ
နှလုံးသားအပေါက်ပေါက်တွေ များလာတော့လည်း
ချောင်းပေါက်လာတဲ့ မျက်ရည်တွေတောင်
သွန်းဖြိုးမလောက်ခဲ့ဘူးဆိုတာ
အဲဒီစည်းလေး သိပါလိမ့်မယ် ...
၁) နင်
၂) ငါ
၃) သူ
၎) စည်း
သက်ရှိလူသား သုံးယောက်နဲ့ သက်မဲ့ နာမ် တခု
တစ်ယောက်ကြောင့် နှစ်ယောက်ကြားမှာ စည်းတခု ဖြစ်တည်နေတယ် ..
အဲလိုလားး)
မယ်နှိုင်း ကဗျာလေးထဲ အဓိပါယ် အရမ်းပါနေတယ် သေချာဖတ်ရတယ် ပြုံးသွားသလို တွေဝေပီး ၀မ်းနည်းသွားသလိုပဲ အရမ်းကောင်းတယ်
နှိုင်းရေ.. စည်းဆိုတာကိုမြင်တော့
ရင်ထဲမှာ အလိုလို ဆို့နင့်လာတယ်ကွယ်..
ကဗျာလေးကြိုက်တယ်..
ကျွန်တော်လည်း စည်းတခုကြားမှာ တနှစ်ခွဲ လောက်
တယောက်ထဲ ခံစားနေခဲ့ဖူးတယ် ..
စည်းတကာ့ စည်းတွေထဲ မှာ
မာန နဲ့ တားထားတဲ့ စည်းက ကျော်ရအခက်ဆုံးလို့ထင်တာပဲ ဗျာ .. ..
Post a Comment