Pages

Wednesday, December 01, 2010

ဆောင်းကဗျာ



မိုး.....

ဝေးပြီ ပြေးပြီ
ဆိုလေသည်နှင့်
တွန်းဖွင့်လာခဲ့ပြီကော..ဆောင်း


ပြာသိုမှာ
ခွာညိုပြာဝင့်
ခ၀ဲပွင့်ဝါ ၊ ဒီဇင်ဘာဆို
ချမ်းအေးပိုမို
အကြိုတော်နှင်း

သဇင်မွှေးမွှေး
ဆောင်းအေးအေးမှာ
လွမ်းတေးဆိုကာ
ဖွေရှာသူမော..

ဒို့များလွမ်းဆွေးချင်သလို
သူလဲလေ လွမ်းတေးနေလိမ့်
တစိမ့်စိမ့်တွေး
တစ်ရေးမှေးမှိတ်
တွေးအိပ်လိုတဲ့ဆန္ဒ
ဖြေသိမ့်ရခက်ခဲ
ဆောင်းရဲ့ ဧရိယာထဲမှာ
အေးခဲဆွပ်ကျင်
သံယောဇဉ် အစအနတွေရယ်
နားလည်ကွယ်နော်....နှင်း။


1 ယောက်မှတ်ချက်ပြု:

Mamoonn said...

နှိုင်းရေ..
ဟက်ပီ ဘက်ဒေးပါကွယ်။
ဘလော့ သိပ်မရောက်ဖြစ်လို့..
နှိုင်းကျန်းမာပျော်ရွှင်ပါစေ။

ဆောင်းကဗျာလေးက
အေးချမ်းလှတယ်
ပြေပြေလေးနဲ့ လွမ်းမောစရာ နှင်းတွေကို
မြင်ယောင်မိတယ် နှိုင်းရေ..။