သူ့ကိုတွေး၍
မှေးပျော်ထက်ဝက်၊ အအိပ်ပျက်ည
အိပ်မက်ပါရစေ …………..
သူ့ကိုလွမ်း၍
ကျွမ်းမြည့် နေဆဲ၊
ဖြေလဲမရ
ကြေကွဲပါရစေ ……..
သူ့ကိုချစ်၍
လွမ်းသစ်လောင်မြိုက်၊ အပူတိုက်သမျှ
ယူလိုက်ပါရစေ………..
သူကစွန့်ခွာ
ခွဲဝံ့ချန်ရက်၊ သောကလက်ဆောင်
တစ်သက်နှောင်၍၊ တမြည့်မြည့်ကြွေ
နေ့နေ့တွေမှာ၊ ဝေဒနာသစ်
ခြေရာဖြစ်ရော့ …………………
အပြစ်ဒဏ်ထား၊ အသစ်ခံစားစေ
အပူဝေလျှင် ………..
(ဪ …………) သူကျေနပ်အောင် ……….. ကျွမ်းမြိုက်မည်။
မောင်စိန်ဝင်း (ပုတီးကုန်း)
Dear Angel.....(23)
-
ချစ်သော အိန်ဂျယ်.....,
LTNS....
ကိုယ်အရင်တုန်းက တစ်ခါပြောပြဖူးတာ မှတ်မိသေးလား? အဲဒီလူတစ်ယောက်သေသွားရင်
သူ့အသုဘကိုတောင် သွားမပို့ဘူးလို့ ပြောဖူးခဲ့...
11 hours ago
5 ယောက်မှတ်ချက်ပြု:
သိပ်ကောင်းတဲ့ ကဗျာလေးပေါ့ နိုင်းရေ..။
သီတင်းကျွတ်ပြီ နိုင်းရေ..အလွမ်းတွေ မငြိမ်းသေးဘူးလား။
“မြိုက်” ဟာ...
ဒီလောက်တောင် မြိုက်ချင်နေတာ...
ပြောထားလည်းမရဘူး...
အဲဒါနဲ့ပဲ လုံးပါး ပါးတော့မယ်...း(
ဒါကြောင့် ဒီကဗျာမြင်ဖူးပါတယ်လို့ ..
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာကိုး ..
အလွမ်းများငြိမ်းစေသတည်းးး....မယ်နှိုင်း...
ခင်တဲ့
မိုးငွေ့
ဖိတ်စာလာပို့တယ် နှိုင်းရေ...
Post a Comment