
မိုးနတ်သမီးခြွေမယ့် အဖြူရောင်ပန်းပွင့်တွေ..
အိုးးးးးး
ကြည့်ပါအုံး..
လရောင်နမ်းတဲ့ တောင်ကုန်းမြက်ခင်းလွင်ပြင်ကျယ်မှာ
အိမ်လွမ်းတဲ့ကောင်မလေးတစ်ယောက်
ဒူးနှစ်ဖက်ကို ပိုက်ထားရင်း တိတ်တဆိတ်ငိုလို့လေ
ကောင်းကင်ကတဖြုတ်ဖြုတ်ကြွေကျနေတဲ့
ကြယ်ပွင့်တွေနဲ့ အပြိုင်..
ကောင်မလေးရေ.....
မင်းမျက်ရည်တွေ
ဖွေးကနဲ..လက်ကနဲ ကြွေကျနေတာကို
ကောင်းကင်ထက်က မိုးနတ်သမီးမြင်နေရပါတယ်။
မငိုပါနဲ့..ကောင်မလေးရယ်
မင်းအိမ်လွမ်းတတ်တာကို စာနာမိပါတယ်။
မင်းရဲ့ကိုယ်ပိုင် ကမာမှာ သိမ်းထားတဲ့
အ၀ါရောင်တောက်ပနေတဲ့ ကြယ်ပွင့်တွေကို ထွေးပွေ့ရင်း
မင်းရင်ဘတ်တွေကို တောက်လောင်မခံပါနဲ့...
မင်းအနာဂတ်မှာ ဘာကြောင့်...
အဖြူရောင်တွေကို ဆေးဆိုးချင်နေသလဲ..
တကယ်တော့...
မင်းဟာ လက်ရာမြှောက်တဲ့ ပန်ချီကားတစ်ချပ်ကို
ဆေးချယ်တတ်တဲ့ ပန်းချီဆရာမှမဟုတ်ပဲ
ဒီတော့..
အဖြုလွှလွှလေးသူ့ဘာသာသူရှိနေပါစေ။
အဲဒီ အဖြူလွှလွှလေးတွေက မင်းကိုနွေးထွေးစွာ ကြိုဆိုနေတတ်တာပါ။
မင်းသာညစ်နွမ်းတဲ့ လက်တွေနဲ့လာမတို့ထိသရွေ့ပေါ့
လောကဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့
မိုးနတ်သမီးကတတ်နိုင်သမျှ အကူညီပေးနေမှာပါ
တကယ်တော့...
မင်းအထင်လွှဲနေတာပါ
မိုးနတ်သမီးဆိုတာ မင်းအနာဂတ်တွေကို
တစ်စိတ်တစ်ဒေသကနေ ကူညီဖေးမမယ့်
မင်းလျှောက်မယ့်လမ်းတွေကို
ကြယ်နှင်တံနဲ့ .......အဖြူရောင်ပန်းပွင့်တွေ
ခြွေ.........ပေး.............မယ့်
သူတစ်ယောက်ပါလေ..။ ။ (မိုးငွေ့)
' မိုးငွေ့၏ အမှတ်တရ '
0 ယောက်မှတ်ချက်ပြု:
Post a Comment