အမှတ်တမဲ့.........
အမှတ်တမဲ့တွေ့မြင်လိုက်ရတဲ့ စာလုံးဝိုင်းဝိုင်းတွေက
အမှတ်တရ ရှိခဲ့တာတွေကို ချိုးဖျက်ပလိုက်တယ်..........။
အမှတ်တမဲ့ စာလုံးဝိုင်းဝိုင်းတွေအတွက်
အမှတ်တရ ရှိဖူးခဲ့တဲ့ ကဗျာတွေငိုကြွေးသွားတယ်.....။
အမှတ်တမဲ့ ကိုယ့်ခြေလှမ်းတွေက
အမှတ်တရ ကိုယ်သင်းရနံ့တို့ရဲ့နောက်မှာ............။
အမှတ်တမဲ့.............
လိမ်ညာခဲ့တာလား.................။
အမှတ်တရ
နှစ်သိမ့်ခဲ့တာလား...................။
တကယ်တမ်းတော့
မင်းနောက်ရောက်ရှိခဲ့တဲ့
ကိုယ့်ခြေလှမ်းတွေမှာသာ အပြစ်ရှိမယ်ထင်ပါတယ်လေ..........။
အခုမှချစ်တတ်ပြီ.....
-
Tiktok မှာ ဒီသီချင်းလေး trend ဖြစ်နေလို့ ဘယ်သူဆိုလည်းသွားစပ်စုတော့မှ
ပန်းရောင်ခြယ်တို့ ညီအစ်မနှစ်ယောက်ပြန်ဆိုထားတာ ကလေးမလေးတွေက
ချစ်စရာကောင်းလိုက်တာ ...
20 hours ago




2 ယောက်မှတ်ချက်ပြု:
အဲဒီအပြစ်ရှိတဲ့ ခြေလှမ်းကို နာနာရိုက်ပေးရမယ်း)
မိုးငွေ့
အနှိုးမဲ့တဲ့ အဖြစ်တွေကြား ... နှိုင်းပြစရာတွေ တပုံတပင်နှင့်
အပြိုင်းပြိုင်းဖြစ်နေတဲ့ ကမ်းစပ်ကို တံတိုင်းခတ်သွားတယ် ...
အမှတ်တမဲ့ပါပဲ .. အဖြစ်တွေက ကမ်းစပ်မှာ ယိုယွင်းပျက်ျစီး
အဲဒီည လုံးလုံး အသည်းကွဲတာတွေ စတေးရတယ် ...
Post a Comment