
မိုး
မိုးစက်မိုးပေါက်တို့
လွင့်စင်ကျရာနေရာတိုင်းမှာ
အတွေးတစ်ခုဆီပျော်ဝင်စီးဆင်းသွားတယ်။
ဒီမိုးကြောင့်ပေါ့
ဒဏ်ရာတွေ..ရင်ခုန်စရာတွေ
ရွာတော့မလို တိမ်ညိုမဲကြောင့်
စောင့်မျှော်ခဲ့မိတဲ့..မိုး
လေပြေလေညှင်းနဲ့လာတဲ့..မိုး
အေးချမ်းမှုတွေနဲ့ ရင်ထဲထိတဲ့...မိုး
လေနီကြမ်းနဲ့လာတဲ့...မိုး
စိမ်းကားရက်စက် မငဲ့ညှာပဲနဲ့
ရွာချခဲ့တဲ့.......မိုး
ေ၀၀ါးနေတဲ့ မိုးမှုန်တွေထဲ
တစ်ခါတစ်ခါမြင်ယောင်မိတဲ့
နေရာဟောင်းမှာ
ခြေရာတွေကို
ရူးမိုက်စွာနဲ့ရှာချင်နေခဲ့မိတဲ့
မိုး.......
မိုးစက်တွေအောက်
ခေါင်းငိုက်စိုက်နဲ့
တိတ်တိတ်လေးပဲ မျက်ရည်ဝဲခဲ့ရတဲ့
ရင်ထိမိုး....။
မိုးစက်မိုးပေါက်တို့
လွင့်စင်ကျရာနေရာတိုင်းမှာ
အတွေးတစ်ခုဆီပျော်ဝင်စီးဆင်းသွားတယ်။
ဒီမိုးကြောင့်ပေါ့
ဒဏ်ရာတွေ..ရင်ခုန်စရာတွေ
ရွာတော့မလို တိမ်ညိုမဲကြောင့်
စောင့်မျှော်ခဲ့မိတဲ့..မိုး
လေပြေလေညှင်းနဲ့လာတဲ့..မိုး
အေးချမ်းမှုတွေနဲ့ ရင်ထဲထိတဲ့...မိုး
လေနီကြမ်းနဲ့လာတဲ့...မိုး
စိမ်းကားရက်စက် မငဲ့ညှာပဲနဲ့
ရွာချခဲ့တဲ့.......မိုး
ေ၀၀ါးနေတဲ့ မိုးမှုန်တွေထဲ
တစ်ခါတစ်ခါမြင်ယောင်မိတဲ့
နေရာဟောင်းမှာ
ခြေရာတွေကို
ရူးမိုက်စွာနဲ့ရှာချင်နေခဲ့မိတဲ့
မိုး.......
မိုးစက်တွေအောက်
ခေါင်းငိုက်စိုက်နဲ့
တိတ်တိတ်လေးပဲ မျက်ရည်ဝဲခဲ့ရတဲ့
ရင်ထိမိုး....။
7 ယောက်မှတ်ချက်ပြု:
ရင်ကိုထိတဲ့ မိုးတွေ ရွာနေပြီ .....
လယ်တောတွေမှာတော့ ပက်ကြားတွေ အက်
လူတွေ လည်း ငတ်နေ ဆဲပါ .....
ရင်ထိမိုးတဲ့လား....
ရင်ထိမိုးတဲ့
ရင်ထဲကို ထိသွားတယ်
ရင်ထိမိုးအပြင် တခြားမိုးရာသီအလွမ်းကဗျာလေးတွေ ထပ်ရေးပါဦး...ညီမလေးရဲ့...။
အော်...နမ်းမ၀ ရောက်လာတော့မယ်သိလား အဲဒီအခါ ထပ်ဆုံကြတာပေါ့ ကိုတူးနဲ့ရောပဲ...။
ခင်မင်စွာဖြင့်
မိုးငွေ့
ရင်ကိုထိသွားလို့ထင်ရဲ့ ကဗျာကလေးက ကပိုကရိုလေးဖြစ်နေတယ်... တခြားမိုးရာသီအလွမ်းကဗျာလေးတွေလည်းရေးပါဦး ညီမလေးရဲ့...။
ခင်မင်စွာဖြင့်
မိုးငွေ့
တခြား မိုးရာသီအလွမ်းကဗျာလေးရေးဦးလေ ညီမလေးရဲ့ ကွန်မန့်ကလဲ အဖျက်ခံရတာထင်ပါ့ ဒါနဲ့ဆို သုံးခါရှိပြီးမန့်တာ.... ကိုယ့်ကိုယ်အားပေးတဲ့ ပရိတ်သတ်ကို အဲလိုမလုပ်ရဘူးလေ...။အော် ဒီတနင်္ဂနွေနမ်းမ၀နဲ့ feel 3 မှာတွေ့ကြမယ် လာမယ်မဟုတ်လား...။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment