Pages

Monday, May 17, 2010

သက်တန့်များနဲ့အိမ်ပြန်ချိန်

မ၀ံ့မရဲခိုးကြည့်မိခဲ့

မျက်ဝန်းများနောက်

မြတ်နိုးမိတဲ့

ကိုယ်သင်းရနံ့တို့

လေပြေနဲ့အတူ

မိုးမှုန်တွေထဲ

ငါ့အချစ်တို့နဲ့ ပျံ့လွင့်နေလို့

မိုးစက်လွင့်လေ

ပွင့်ဝေအပြုံး

အိမ်ပြန်လမ်းတစ်လျှောက်

ငါ့အပြုံးများက....

တစ်သက်မှာတစ်ခါ

အတောက်ပဆုံးနဲ့

အလှပဆုံးပဲ.....။

ဒီနေ့..မိုးရွာတော့ အားလုံးပျော်ကြတယ်..နှိုင်းက ပိုပျော်တယ်..မိုးခြိမ်းတာနဲ့ လျှပ်စီးလျှပ်တာကိုတော့သေလောက်အောင်ကြောက်ပေမယ့်...မိုးစက်ကလေးကိုတွေကို မြင်ရင် ကြည်နူးတတ်တယ်..အဲဒါကြောင့်လဲ အခု ဟိုးအရင် အမှတ်တရ ရေးခဲ့တဲ့ မိုးနဲ့ပတ်သတ်တဲ့ကဗျာလေးကိုတင်လိုက်တာပါ.....။

2 ယောက်မှတ်ချက်ပြု:

blackroze said...

ကဗျာလေးတွေကကောင်းတယ်..
c.box ဘာလို့မထည့်တာလဲ..ရှာမတွေ့ဘူး..

Cameron said...

ညီမလေးရေ...အဲဒါပြတိုက်အပြန်တုန်းက စပ်ထားတဲ့ကဗျာလေးမဟုတ်လား... ဒုတိယအကြိမ်ပြန်လာဖတ်ပါတယ် ...ကဗျာလေးကောင်းတယ်.......။

ခင်မင်စွာဖြင့်
မိုးငွေ့