Pages

Thursday, August 26, 2010

လျှပ်

အချိန်တိုင်း မြင်သမျှအငွေ့အသက်

မင်းအရိပ် တွယ်ဖက်လို့

စွဲမက်နှောင်ငင် နေရာတိုင်းမှာ

မင်းသဏ္ဍာန်.မင်းဟန်များက ဖျောက်ပစ်ဖို့ခက်

ပန်းနုရောင်သန်း မျက်နှာတော်ဖူးလေး

မတွေ့ရ..မဆုံရ..မကြားရတာ

မေ့ထားရတဲ့ အချိန်တွေကြားက

လွမ်းဖြစ်အောင်တော့ လွမ်းမိပါသေးတယ်။ (နှိုင်း)

7 ယောက်မှတ်ချက်ပြု:

အဖြူရောင်နတ်သမီး said...

မချစ်လို့ ပြစ်...
မကြင်လို့ နှင်ရက်ပေမယ့်လည်း...
ချစ်ခဲ့ဖူးတယ်...ကွယ်...

ချစ်တတ်လွန်းတဲ့ မင်းအတွက်...
ကြင်နာခဲ့ဖူးတဲ့ သူ့ကို လွမ်းနိုင်ခွင့်တော့ ရှိပါသေးတယ်..နှိုင်းရယ်...

ညလင်းအိမ် said...

လွမ်းတတ်သူတွေ အတွက်တော့ အလွမ်းဆိုတာ လူမသိ သူမသိတဲ့ သာမန် ပန်းချီကားချပ်လေး တခု သာသာပါပဲ ...။

Mamoonn said...

ဘာမှမပိုင်ရင်တောင်..
လွမ်းဆွတ်ချင်းတွေ..
ကိုယ်ပိုင်တယ်..
နှိုင်းရေ သတိရ၏..။

လင်းခေတ်ဒီနို said...

မေ့ထားရတဲ့ အချိန်တွေကြားက

လွမ်းဖြစ်အောင်တော့ လွမ်းမိပါသေးတယ်။

မယ်နှိုင်း ငါလဲ နင့်ကဗျာလေးဖတ်ပြီးတော့ လွမ်းဖြစ်အောင်တော့ လွမ်းမိပါသေးတယ်း)) အဟင့် လွမ်းလာပြီး ဟ . . .

Cameron said...

မယ်နှိုင်းရေ...ညည်းကဗျာလေးဖတ်ပြီး နဂိုထဲကလွမ်းနေတဲ့ကြားထဲ အလွမ်းဓါတ်တွေကူးစက်သွားပြန်ပြီ....ဒီတစ်လလုံးပို့စ်တွေကတော့ အလွမ်းတွေ အကွဲအလဲတွေနဲ့ပဲ ပြည့်တော့မယ်ထင်တယ်...။ ဘာပဲဖြစ်ဖြစ် မင်းကမှ ဖြေသိမ့်စရာရှိသေးတယ်.....။

ခင်တဲ့
မိုးငွေ့

နေ၀သန် said...

အင်း... အချစ်ကတော့ ဒါပါပဲ.. ဘယ်လိုမှ မေ့မရဘူး..လွမ်းပါ...း)).. (ဒါလေးကို ဖတ်ထားတာကြာပေါ့.. အကောင့်မ၀င်ဖြစ်တာနဲ့ အခုဝင်မိတုန်း အမြန်ပြေးလာမန့်တာ.. )

ခင်မင်တဲ့
နေ၀သန်

လင်းကြယ်ဖြူ said...

ကိုလေးဖြူ သီချင်းထဲကလိုပေါ့..
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်.....ဆိုသလိုနေမှာပေါ့နော...
ပျော်ပါစေ
*.*.*