သခင် …
မြင်စမ်းတော့လေ
နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ်၊
သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။
ကြင်နာနှောင်ရစ်၊ ချစ်သတဲ့လား၊
စကားသည်လို၊ ဆိုတတ်သည့်ငှက်၊
ပြေးထွက်လေမှ၊ သည်ဘဝတော့၊
နှုတ် အ ပြီပဲ၊ အသည်းသာရှိ၊
အလွမ်းချည်းကျန်။
အစဉ် …
ရင်ထဲ ပတ္တမြား၊ အလွမ်းကြားနစ်၊
နှစ်ရှည်လကြာ၊ ရာသီသာပြောင်း၊
ဟောင်းမယ်လို့များ၊ ထင်သလားလေ၊
သောကခြေရာ၊ ဝေဒနာပင်၊
ရှင်မြဲရှင်နေ၊
သခင်ကြည့်လှည့် မြင်တော်မူ ….. ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
မှင်.....
-
လက်ထပ်ရောင်ပြန်ပြီ..... ကျနော်လည်း နည်းလမ်းပေါင်းစုံခဲ့ပြီ ဘာကြောင့်
မှင်ဖြစ်တယ်ဆိုတာကို (ဘယ်လိုလုပ်ရမလဲဆိုတာ) စာမဖတ် မလေ့လာခဲ့မိဘူး...။
ရှေ့ပိုင်းမှ...
1 week ago




0 ယောက်မှတ်ချက်ပြု:
Post a Comment