ကောင်မလေးရေ…
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…။
ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ တက်လာတယ်…
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။
ကယောင်ကတမ်း ညည်းရင်း လန့်နိုး
“မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…”
အဲသည်.. တစ်စုံတစ်ရာသော “မိုး”လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့ သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။
မင်းခိုက်စိုးစန်
လက်ရှိ mood.....
-
ပြီးခဲ့တဲ့လက စာမရေးဖြစ်လို့ (တကယ်တော့ စာရေးတဲ့ Mood ရှိမနေတာ) 2024
တုန်းကတင်ထားခဲ့ပြီးသား လိပ်ပြာဒိုင်ယာရီစာစုလေးတွေပဲ
အစအဆုံးပြန်တင်ဖြစ်တယ်....။ ခုတ...
3 days ago




2 ယောက်မှတ်ချက်ပြု:
“မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…”
ဟုတ်မယ်ထင်တယ်...
ဆိုက်ပရပ်စ်မှာ မုန်တိုင်းဝင်ခတ်သွားတာ .. နတ်သမီးရဲ့အသဲ...လှပ်လှပ်လေးခုတ်သွားခဲ့တယ်...
ကျမရဲ့အိမ်မက်တွေလည်း မုန်တိုင်းနဲ့တူတူ
ပါသွားတယ်ထင်တာဘဲ နှိုင်းရယ်..
Post a Comment