ဟန်ဆောင်ကာလေး နေခဲ့တယ်
ရင်မှာ သိုဝှက်ထား သိမ်းထားခဲ့တယ်
မျက်စိစုံမှိတ် ငြင်းဆန်ခဲ့တယ်
ချစ်တာကို အပြစ်စကားနှင့်
ကြိုးဆက်ထားတယ်
မတည့်အတူနေ ဒီစကား
တို့နှစ်ယောက်အတွက် ထားခဲ့သလား
အမြင်မှာဝေး တမ်းတစိတ်ဖော်
တစ်ဦးက တစ်ဦး ကို မေးနေခဲ့ကြတယ်
ဘယ်သွားနေကြလဲတဲ့…
သံယောဇဉ်ကို လက်သပ်လျှိုးလို့
လက်ဝါးဖြန့်ထုတ်ကြည့်တဲ့အခါ
တို့နှစ်ယောက် အဖြူရောင်လေးများ
ပျော်ရွှင်စရာ အပြုံးမျက်နှာဖြစ်ခဲ့ကြတယ်
ဝေးမှာ ကို ကြောက်နေကြတဲ့
မသိစိတ်တွေက
တို့နှစ်ယောက်ရဲ့လက်နှစ်ဖက်
မြဲမြံဆွဲလည်း …
နာကျင်လှတဲ့ ငါ့တို့နှစ်ယောက်
မလွတ်ခဲ့ပါဘူး…
အဝေးကြီးကို ရောက်ခဲ့မှာမို့လို့ပါ..
ခဏတာ မှေးစက်သွားတဲ့
ငါတို့ နှလုံးသား
နိုးထမိတဲ့အခါ…
ဖြတ်မျဉ်းတွေက…
ဆုံမှတ်မရှိတဲ့ တစ်နေရာ
အလင်းတစ်ဖက်လွန်
စည်းတစ်ချက်ခြား…
အဝေးတစ်နေရာမှာ
တစ်ယောက်တစ်နေရာစီ ထားရစ်ပစ်ခဲ့ကြတယ်
အပြုံးတွေကို ခုံမင်မြတ်နိုးမိခဲ့ကြတဲ့
တို့နှစ်ယောက်…
တစ်ယောက်မျက်နှာ တစ်ယောက်က
တွေးမိနေကြတယ်
အရောင်တွေကို စကားပြောတတ်ခဲ့ကြတဲ့
တို့နှစ်ယောက်…
ပုံချယ်ကာလေး အလွမ်းတွေ နယ်ချဲ့နေကြတယ်
သတိရခြင်းတွေကြား…
မေ့မရခြင်းများစွာနှင့်
သိုဝှက်ထား ငါ့တို့အချစ်တွေ…
ှရှင်သန်ပေါက်ဖွားနေကြတုန်းပါပဲ…။ ။
နရီထက်
Dear Angel.....(23)
-
ချစ်သော အိန်ဂျယ်.....,
LTNS....
ကိုယ်အရင်တုန်းက တစ်ခါပြောပြဖူးတာ မှတ်မိသေးလား? အဲဒီလူတစ်ယောက်သေသွားရင်
သူ့အသုဘကိုတောင် သွားမပို့ဘူးလို့ ပြောဖူးခဲ့...
11 hours ago
2 ယောက်မှတ်ချက်ပြု:
ဝှက်ထားတဲ့ အချစ်များ ဆက်လက်ရှင်သန်ပါစေသား...
လွမ်းလို့ကို မဆုံးတော့ပါလား နှိုင်း ရာ ... :)
Post a Comment