ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
ကြယ်တွေရေတွက်ဖူးပါသလား
တစ်ခါတစ်လေ
ကိုကိုယ်တိုင် ကြယ်လေးတစ်ပွင့်လောက်
ဆွတ်ယူထားလိုက်ချင်ပေမဲ့လည်း
မိုင်တွေဝေးကွာနေတယ်ဆိုတဲ့အသိက
ရင်ထဲမှာ
ဒီလိုနဲ့
ဘယ်နှစ်ယောက် ကိုယ်တန်ဖိုးထားတဲ့
ကြယ်တွေနဲ့ ဝေးခဲ့ကြပြီလဲ
ဘယ်နှစ်ယောက် အတိတ်တွေကို
ပြည်ဖုံးကား ချခဲ့ကြပြီလဲ
ဘယ်နှစ်ယောက် အထင်မှားမုန်းတီးမှုတွေနဲ့
လူမသိသူမသိ ငိုကြွေးခဲ့ကြပြီလဲ
အချစ်တစ်ခုထဲနဲ့မလုံလောက်တဲ့အခါ
တစ်နေ့စာ ဝမ်းရေးလုံလောက်ဖို့အတွက်
ရှိသမျှအင်အားတွေနဲ့ရုန်းကန်နေရတဲ့အခါ
နာကျင်မောပန်းမှုတွေနောက်က
မိသားစုထမင်းဝိုင်းတွေ လူမစုံတော့တဲ့အခါ
မတတ်နိုင်တော့လို့
ကြယ်လေးကို အဝေးကပဲ
လှမ်းကြည့်နေရတဲ့ လူမျိုးတွေလည်း
တစ်ပုံကြီးပါ
ဒီလိုပါပဲ....
(Snowflake)
မှင်.....
-
လက်ထပ်ရောင်ပြန်ပြီ..... ကျနော်လည်း နည်းလမ်းပေါင်းစုံခဲ့ပြီ ဘာကြောင့်
မှင်ဖြစ်တယ်ဆိုတာကို (ဘယ်လိုလုပ်ရမလဲဆိုတာ) စာမဖတ် မလေ့လာခဲ့မိဘူး...။
ရှေ့ပိုင်းမှ...
1 week ago




2 ယောက်မှတ်ချက်ပြု:
ဒီလိုနဲ့ပဲ
ဝေးကွာနေကြတဲ့ ကြယ်တွေ
နဂါးငွေ့တန်းတွေထဲ လွင့်စင်
သူတို့ ခရီးနှင်ကြ ရအုန်းမပေါ့ ...
ဒီလိုနဲ့ပဲ...
ကြယ်တွေကိုမှန်းဆ...
လိုချင်တဲ့ဘဝကို တမ်းတရင်း...
တို့တတွေ ရုံးကန်နေဆဲ...း(
Post a Comment