ငှက်ကလေး နှစ်ကောင်ကို
တစ်ကောင်စီ...ခွဲခဲ့မိလေသလား။
ငါးကလေးနှစ်ကောင်ကို
တစ်ကောင်စီ...ထားခဲ့မိလေသလား။
သူတစ်ပါး ချစ်သူကို
ပြစ်မှားငေးကြည့်...,
ကျူးလွန်မိခဲ့လေသလား။
သူတစ်ပါး ချစ်ခြင်း
ကွေကွင်းစေအောင်
စွမ်းဆောင်မိခဲ့လေသလား။
ကံ၏အမှု၊ အစုစုမှ
ချစ့်သော သူ့ကို၊ ငြိမ်းစေလိုသည်...။
ကိုယ် တစ်ကိုယ်တည်း
ကံ အမွဲမို့
အံခဲဖြေလျော့...မငိုတာ့ဘူး။
ထို...ထို...ဘဝ,
ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...၊
ကံအမှု...ကြွေး၊ ဤဝဋ်ဘေးမှ
ချစ်သူ ကင်းဝေး အေးပါစေ...။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
4 ယောက်မှတ်ချက်ပြု:
ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ..
ခံစားသွားရတယ်။
မောင်လှမျိုး(ချင်းချောင်းခြံ)ကိုသေချာမဖတ်ဖူးဘူး
ကဗျာလေးအတော်ကောင်းတာပဲ
မျှဝေပေးလို့ကျေးဇူးပါနော်
ချစ်ချစ်ခင်ခင် jasmine
ကွေကွင်းရတဲ့ ဒုက္ခမှကင်းဝေးကြပါစေ..း(
နာလည်း အတူတူပဲ..အဖော်ရတယ်..
မောင်လှမျိုး(ချင်းချောင်းခြံ)ရဲ့ ကဗျာလေးတွေကို မြတ်လည်း နှစ်သက်တယ်။
Post a Comment