Pages

Tuesday, January 17, 2012

ဖြူစင် မွှေးမြ လှပနေပါစေ


ဖြူစင် မွှေးမြ လှပနေပါစေ

နေရောင် လရောင်က

(ဒီနေရာမှာ……)

ခပ်ပျပျကလေး မှောင်တယ်

အိပ်တန်းပြန်မိုးရဲ့တေးသွားမှာ

ကျွန်တော့်ရင်ခုန်သံလေး

ခါတော်မှီကြွေကျသွားခဲ့ရတယ်

စကားလုံးတွေအထပ်ထပ်မြိုချရင်း အပြစ်မတင်ရက်ပါဘူး

ကိုယ့်အလွမ်း ကိုယ်ထမ်းရင်း ကိုယ့်အနမ်း ကိုယ်ကောက်

နောက်တစ်ခေါက် စံပယ်တွေဖူးရင်

နင့်အတွက်ရည်စူးပြီး ဘုရားလှူမယ်

(ကျွန်တော့်ချစ်သူလေး)

ဖြူစင် မွှေးမြ လှပနေပါစေ

ချန်ထားရစ်တဲ့နေရာမှာပဲ ကျန်နေဖြစ်ခဲ့ပါတယ်

နင့်နာကြည်းသံ ခပ်အက်အက်မှာ

ဒီရင်ဘတ်လည်းအသက်မဲ့ခဲ့ရပါပြီ

(မသိပါစေနဲ့ ……)

အာရုံထဲစွဲထင်မိတဲ့ နင့်ပုံရိပ်လေးပဲ အထပ်ထပ်ပြန်ငေးရင်း

(ဒီအလွမ်းတွေ…..)

ဖြေသာအောင် ဖြေပါ့မယ်

(ကြေတော်မူပါ…..)

(တိတ်ဆိတ်မှုတွေထဲ……..)

တိတ်ဆိတ်မှုတွေအထပ်ထပ်ပြိုလဲရင်း

အသည်းကွဲကဗျာတွေ ဆက်ရေးဖြစ်နေဦးမှာပါ

(တစ်ခုတော့ခွင့်လွှတ်ပါ)

ဟိုး…….အရင်ကလိုပါပဲ

ငါ့ကဗျာတွေထဲမှာ နင်ဆိုတာမပါမဖြစ်

(ဒါလေးတော့ဈေးဆစ်ပါရစေ……)

ငါ့ကဗျာမှာ………..

…………………………………….

နင့်နာမည်လေးတစ်စွန်းတစ်စပါခဲ့ရင်

မလိမ်မိုး မလိမ္မာ ကဗျာသမားလေးမို့ 

အပြစ်တော်မမြင် ခွင့်လွှတ်တော်မူစေ့ချင်ပါတယ်

(ခွင့်ပြုပါ……)

နေရောင် လရောင်က

(ဒီနေရာမှာ……)

ခပ်ပျပျကလေး မှောင်နေခဲ့ပါတယ်ဗျာ

နင့်နာကြည်းသံ ခပ်အက်အက်မှာ

ဒီရင်ဘတ်လည်းအသက်မဲ့ခဲ့ရပါပြီ

(မသိပါစေနဲ့ ……)

နောက်တစ်ခေါက် စံပယ်တွေဖူးရင်

နင့်အတွက်ရည်စူးပြီး ဘုရားလှူမယ်

(ကျွန်တော့်ချစ်သူလေး)

ဖြူစင် မွှေးမြ လှပနေပါစေ……….

(ကျွန်တော့်ချစ်သူလေး)

ဖြူစင်………….

မွှေးမြ…………..

လှပနေပါစေဗျာ………………….။ ။

(မိုးထက်အောင်)

အဲဒီ စံပယ်ပန်းပုံလေးရဲ့ နောက်ခံမှာ ဒီကဗျာထဲက လူတစ်ယောက်ရှိနေတယ်..... :)

1 ယောက်မှတ်ချက်ပြု:

စံပယ်ချို said...

ကဗျာလေးကောင်းလိုက်တာဖတ်ခဲ့တယ်
ခင်တဲ့ စံပယ်ချို