Pages

Monday, July 07, 2014

trente-trois



မေ့မေ့ပျောက်ပျောက်

သောက်သောက်စားစား

ငေးငေးမောမော

တမ်းတမ်းတတ

သတိရတစ်ချက်....

မရတစ်ချက်......

ကဗျာတွေ ရေးလိုက်

ပြန်ဖျက်လိုက်...

စိတ်ကူးတွေ ကစဥ့်ကလျားနဲ့

သိန်းဂဏန်းက ဆယ်ဂဏန်းဖြစ်လို့ဖြစ်...

စိတ်ကူး နဲ့ လက်တွေ့ 

ထပ်တူကျလိုက်....ကွာဝေးလိုက်

ခိုးခိုးကြည့်ရတဲ့ ရက်တွေ Temp ဖိုင်ထဲမှာက အပြည့်

သီချင်းတွေက စိတ်တံခါးပေါက် တစ်ခုရဲ့ အသုံးချခံ

မွန်းကြပ်မှုတွေနဲ့ စိတ်ဖျော်ဖြေဖို့အတွက် 

trente-trois အောက် ခဏခဏရောက်တယ်....။ 

(နှိုင်း) 7.7.2014




6 ယောက်မှတ်ချက်ပြု:

သဒ္ဓါလှိုင်း said...

ကဗျာလေးက တမျိုးလေး ခံစားမှုပေးတယ်..

အမြဲအားပေးနေမယ့်
သဒ္ဓါလှိုင်း

မိုးညချမ်း said...

"မေ့မေ့ပျောက်ပျောက်

ငေးငေးမောမော"နဲ့ ကဗျာလေး လာအားပေးသွားပါ၏ ... :)

စံပယ်ချို said...

မေ့မေ့ပျောက်ပျောက်
ဆိုတဲ့ စာသားလေးကိုအမလဲ ကဗျာရေးခဲ့ဖူးတယ်
( အလွမ်းတွေက တခါတရံ မေ့မေ့ပျောက်ပျောက်)
ဆိုပြီးလေ ခု ဖတ်မိမှ ကိုယ့်ကဗျာလေးကို ပြန်သတိရနေတယ်
စာသားလေးတွေ ခံစားလို့ကောင်းတယ်
ပြန်လာလည်လို့ ကျေးဇူးပါ

Angelhlaing(May everybody be happy and healthy! said...


က၊ဗျာလေး လာရောက်ခံစားသွားတယ်လို့... :)

about me လေးကို သဘောကျပြီး ပြုံးသွားရတယ် :)

Aunty Tint said...

ဒီဘလော့ကိုရှာခဲ့တာကြာပေါ့ ... ဒီနေ့မနက်တော့ သိသွားပြီ .. ကဗျာလေးအားပေးသွားတယ်နော်.. အချိန်ပေးပြီး ဒီဘလော့ကို ပတ်မွှေခွင့်ပြုပါ... :P

rose of sharon said...

ကဗျာ​လေးဖတ်​သွားတယ်​... ၃၃ဆိုတာ အသက်​လားလို့ ​တွေးမိ... မဟုတ်​ရင်​ ​သွေးပုချိ