Pages

Wednesday, September 10, 2014

မွန်းကြပ်ခြင်း




နွေးမလိုနဲ့ အေးသွားတယ်

နီးမလိုနဲ့ ဝေးသွားတယ်

တကယ်ဆို နီးနီးလေးမှာ နွေးနွေးလေးပဲဖြစ်သင့်တာမဟုတ်လား…


ကိုယ်ဟာ မင်းအတွက် အမေးတစ်ခုဖြစ်ခဲ့ပြီး

မင်းဟာကိုယ့်အတွက်တော့ အဖြေတစ်ခုဖြစ်နေခဲ့တယ်……


ကိုယ်သိတယ်……….

အစိမ်းရောင်သန်းလာတော့မယ့် မိုင်တိုင်တွေ

ကိုယ့်ရှေ့မှာ မင်းစိုက်ထူတော့မယ်ဆိုတာ……


တွေးလိုက်တိုင်း…ငေးလိုက်တိုင်း…မေးလိုက်တိုင်းမှာ

နှလုံးသားကနာနာကျင်ကျင်နဲ့ အမှား/အမှန်မခွဲခြားပဲ

ကိုယ့်အတွက် ဆုံးဖြတ်တယ်… 


ဘယ်သူက စိတ်ညစ်ခံချင်မှာလဲ……….

ဘယ်သူက တဖက်သတ်အချစ်မျိုးချစ်ချင်ပါ့မလဲ………..

ဘယ်သူကရော အသက်ရှုမ၀တဲ့ ပူပန်မှုမျိုးတွေခံစားချင်ပါ့မလဲ……….

………………………………………………………………………………..

တော်ပါပြီ…..ဒီကဗျာဟာ မွန်းကြပ်တယ်….။


 (နှိုင်း)
10/9/2014/ 10:15 AM

10 ယောက်မှတ်ချက်ပြု:

rose of sharon said...

ဖတ်​ရင်းနဲ့လိုက်​မွန်းကျပ်​သွားတယ်​... (​ရေ​ပြေး​သောက်​လိုက်​ဦးမှ :D ) ကဗျာ​​ကောင်း​လေးဖတ်​သွားတယ်

အနှိုင်းမဲ့ said...
This comment has been removed by the author.
မဒမ်ကိုး said...

ဖတ်ပြီးမွန်းကြပ်သွားတယ် ( တော်ပြီငါစကပ်ချိတ်ဖြူတ်မှဘဲ တော်တော်ဝနေပြီ )

မိုက်တယ်ကြိုက်တယ် အစိမ်းရောင်မိုင်တိုင်တွေဆိုရင်တော့ ကိုယ်အရင်ဘူဒိုဇာနဲ့ထိုးပစ်

ဆင်တိန် ( ကွန်းမန့်တခါပေးရဖို့အမလေးဝင်လိုက်ရတာအဆင့်ဆင့်သေတော့မှာဘဲ )

အနှိုင်းမဲ့ said...

ရေသန့်ဗူးလေးတစ်ကဒ်လောက်တော့ ပြေးဝယ်အုံးမှပါ
လာဖတ်တဲ့သူတွေ သောက်ရအောင် :P

blackroze said...

ဒေါင်ေ၇
တဘက်သတ်အချစ်ကတော့မကောင်းတာ
အမှန်ဘဲ...
ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး..
ဒေါင်က အရမ်းသဘောကျလို့ ကားတင်ပြေးမယ်ဆိုလည်း
ပစ်အထုတ်ဝိုင်းသယ်ပြီး ကူညီပါ့မယ်...

ချစ်ခင်လျှက် ...ရွှေပစ်

Aunty Tint said...

ရောက်ခဲ့ပြီ အနှိုင်းမဲ့ရေ... ရှာလိုက်ရတဲ့လင့်ခ်လေး စိန်ခေါ်ပွဲကြီးရဲ့ ကျေးဇူးနဲ့ လင့်ခ်တွေအများကြီးရခဲ့တယ်။ ကဗျာလေးဖတ်ပြီး မွန်းကြပ်မှုတွေ လျော့သွားပြီ... :)

Cameron said...

ကဗျာလေးကချစ်စရာလေးပါ တကယ်ပဲ ခေါင်းစဉ်အတိုင်း ဖတ်လိုက်ရတဲ့စကားလုံးတိုင်းမှာ မွန်းကြပ်မှုတွေရှိနေတယ်...ပို့်စ်တင်တဲ့အတွက် ကျေးဇူး သမီးရေ နောက်လဲပုံမှန်လေးတင်ပါ။

မိုးညချမ်း said...

"ဘယ်သူက စိတ်ညစ်ခံချင်မှာလဲ……….
ဘယ်သူက တဖက်သတ်အချစ်မျိုးချစ်ချင်ပါ့မလဲ………..
ဘယ်သူကရော အသက်ရှုမ၀တဲ့ ပူပန်မှုမျိုးတွေခံစားချင်ပါ့မလဲ………."

ဒါပေမယ့်ပေါ့လေ ... ပူလောင်မှုတွေ ပူပန်မှုတွေကိုတော့ ရင်ဝယ်ပိုက်ထားရတုန်းပဲ ... :P

အနှိုင်းမဲ့ said...

အခုလို အသက်ရှုကြပ်ခံပြီးဖတ်သွားကြတဲ့အတွက် ကျေးဇူးပါဗျို့း)

သူကြီးမင်း (တုံးဖလား) said...

နီးနီးလေးနဲ့နွေးနွေးလေး ဖြစ်သင့်တာ။း)
ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာ လောကသဘာဝတစ်ခုများလား။
များသောအားဖြင့် လူတိုင်း ဒီဒုက္ခကြုံဖူးလောက်တယ်။